Top News

ရှိတ်မန်ဆော် ဝယ်ယူပြီးနောက် မန်စီးတီးရောင်းချခဲ့သည့် လူငယ်ကစားသမားများ၏တန်ကြေးမှာ ပေါင်သန်း(၃ဝဝ) ကျော်အထိရှိ
24htopnews | December 4, 2024 3:12 AM CST

မန်စီးတီးအသင်းသည် ၂၀၁၄ ခုနှစ်တွင် ပေါင်သန်း (၂ဝဝ)တန်အကယ်ဒမီကိုဖွင့်လှစ်ခဲ့ပြီးနောက် ဆန်ချို၊ ဒေးဗစ်ဘရွတ်ခ်၊ ရွန်နီလိုပက်စ်တို့ကဲ့သို့ အရည်အသွေးမြင့်လူငယ်ကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ 

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် အသင်းကို ယူအေအီးစော်ဘွား ရှိတ်မန်ဆော် ဝယ်ယူခဲ့ပြီးနောက် အခြားအသင်းများသို့ ရောင်းချခဲ့သည့် အကယ်ဒမီထွက်လူငယ်ကစားသမားများ၏တန်ကြေးမှာ ပေါင်သန်း(၃ဝဝ)ကျော်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

    

မန်စီးတီးအသင်းသည် ၂၀၁၄ ခုနှစ်တွင် ပေါင်သန်း (၂ဝဝ)တန်အကယ်ဒမီကိုဖွင့်လှစ်ခဲ့ပြီးနောက် ဆန်ချို၊ ဒေးဗစ်ဘရွတ်ခ်၊ ရွန်နီလိုပက်စ်တို့ကဲ့သို့ အရည်အသွေးမြင့်လူငယ်ကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ 

သို့ရာတွင် အကယ်ဒမီထွက် လူငယ်အများစုမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ ရှိတ်မန်ဆော်လက်ထက် ရောင်းချခဲ့သည့် လူငယ်ကစားသမားများ၏ လက်ရှိတန်ကြေးမှာ ပေါင်သန်း(၃ဝဝ) ကျော်အထိ ရှိလာခြင်းဖြစ်သည်။ 

ယင်းကစားသမားများအနက် လက်ရှိအပြောင်းအရွှေ့စျေးကွက်တွင် ဒေါ့မွန်အသင်း၏အင်္ဂလန် လူငယ်တောင်ပံကစားသမား ဆန်ချိုမှာ ပေါင်သန်း (၁ဝဝ)အထိ တန်ကြေးရှိနေပြီး စပါးအသင်းနောက်ခံလူ ထရစ်ပီယာ (ပေါင် ၃၅ သန်း)၊ မိုနာကိုအသင်းကွင်းလယ်လူ ရွန်နီလိုပက်စ် (ပေါင် ၃၂ သန်း)၊ ဘုန်းမောက်အသင်းတောင်ပံကစားသမား ဒေးဗစ်ဘရွတ်ခ် (ပေါင် ၂၅ သန်း)၊ ရီးယဲလ်အသင်းကွင်းလယ်လူ ဘရာဟင်ဒီယက်ဇ် (ပေါင် ၂၂ သန်း) စသည့်ကြယ်ပွင့်ကစားသမားများကို လက်လွတ်ခဲ့ရသည်။

    

ထို့ပြင် ရှိတ်မန်ဆော်လက်ထက် မန်စီးတီအသင်းရောင်းချခဲ့သည့် လက်ရှိတန်ကြေးအမြင့်ဆုံးလူငယ် ကစားသမား(၁၁)ဦး ပါဝင်သည့် အသင်း၏တန်ကြေးမှာ ပေါင်(၃၀၅.၅ )သန်းအထိ ရှိနေသည်။


READ NEXT
Cancel OK