၂၀၁၈-၁၉ ရာသီ လီဂူးကတော့ ဒီအပတ်မှာ ပရိသတ်တွေကို နှုတ်ဆက်ပါပြီ။ ထုံးစံအတိုင်း PSG အသင်းကပဲ အမှတ်ဖြတ် ဗိုလ်စွဲခဲ့ပေမယ့် ကျန်ကဏ္ဍစုံမှာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲစဉ်(၃၈)အထိ အသက်ဝင်နေသေးတာကတော့ တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး ဒီယွန်း၊ ကိန်း၊ အာမီယန်စ်တို့ ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာ . . . . .
မာဆေးလ် နှင့် မောင့်ပယ်လီယာ (စနေနံနက် ၁:၃၅ နာရီ)
ဘာမျှော်လင့်ချက်မှ မရှိတော့ပေမယ့် အဆင့်(၅)၊ (၆) ကပ်လျက်ဖြစ်နေလို့ ဂုဏ်သိက္ခာတစ်ခုအတွက် တိုက်ပွဲဝင်ကြလိမ့်မယ်။ ဥရောပဝင်ခွင့်မရခဲ့တာကြောင့် နှစ်သင်းစလုံးအတွက် ကျရှုံးခဲ့တဲ့ရာသီလို့ သတ်မှတ်နိုင်ပြီး အထူးသဖြင့် မာဆေးလ်အတွက် ပိုအထိနာပါတယ်။ ပထမအကျော့တုန်းကတော့ မောင့်ပယ်လီယာက (၃)ဂိုးပြတ်နှိပ်ကွပ်ခဲ့ပြီး ဒီရလဒ်ကို မာဆေးလ် ပြန်လှန်နိုင်ဖို့၊ အိမ်ကွင်းပရိသတ်တွေကို ချွေးသိပ်နိုင်ဖို့ အပြည့်အဝအားထုတ်လာလိမ့်မယ်။ လက်ရှိ Form အရတော့ မောင့်ပယ် လီယာက အပြတ်အသာသာပါတယ်။ ဒါပေမဲ့ မာဆေးလ် ကျားနာခဲခဲမယ့်ပွဲဖြစ်ပြီး သေချာပေါက် အနိုင်ရလိမ့်မယ်။
ကိန်း နှင့် ဘော်ဒိုး (စနေနံနက် ၁:၃၅ နာရီ)
ဘော်ဒိုးအတွက် ဘာမှအရေးမပါတော့ပေမယ့် ကိန်းအတွက် သေရေးရှင်ရေးပွဲပါ။ လက်ရှိမှာ Play-off တစ်နေရာကို ဆုပ်ကိုင်ထားနိုင်ပေမယ့် ကိုယ်တိုင်က ရှုံးပွဲကြုံပြီး တစ်ဖက်ပွဲစဉ်မှာ ဒီယွန်းက နိုင်ပွဲရခဲ့ရင် တိုက်ရိုက်တန်းဆင်းရမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သရေတစ်မှတ်အနည်းဆုံး လိုအပ်ပြီး (၃)မှတ် ယူထားနိုင်ရင်တော့ အပေါ်ကပ်လျက်က အာမီယန်စ် ရှုံးပွဲတွေ့ရင် တန်းဆင်းဇုန်က လုံးဝလွတ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိန်း သေချာပေါက် နိုင်ပွဲယူမယ့်ပွဲပါ။
ဒီယွန်း နှင့် တူးလူး (စနေနံနက် ၁:၃၅ နာရီ)
ဒီယွန်းအတွက် မျှော်လင့်ချက်က ခပ်ယဲ့ယဲ့ပဲ ကျန်တော့တာဖြစ်ပြီး သူများရလဒ်ကိုပဲ စောင့်မျှော်ရမှာပါ။ ဒါပေမဲ့ ကိုယ့်အလုပ်ကိုယ်အကောင်းဆုံးလုပ်ထားမှ မျှော်လင့်ချက်ထားလို့ရမှာဖြစ်လို့ အနိုင်(၃)မှတ် သေချာပေါက်ယူလိမ့်မယ်။
အန်ဂါစ် နှင့် စိန့်အက်တီယန် (စနေနံနက် ၁:၃၅ နာရီ)
အန်ဂါစ်က ရာသီနောက်ပိုင်းပွဲတွေမှာ ကစားပုံပေါ့လာပါတယ်။ စိန့်အက်တီယန် အဆင့်အတက်အကျဖြစ်စရာမရှိတော့ပေမယ့် ပရိသတ်တွေကို နိုင်ပွဲနဲ့ နှုတ်ဆက်ပါလိမ့်မယ်။
နီးစ် နှင့် လိုင်ယွန် (စနေနံနက် ၁:၃၅ နာရီ)
တန်းတက် နီးစ်အတွက် အောင်မြင်တဲ့ရာသီအဖြစ် သတ် မှတ်နိုင်ပြီး အဆင့်(၇)နဲ့ရာသီသိမ်းနိုင်ဖို့ ကြိုးစားလိမ့်မယ်။ လိုင်ယွန် အဝေးကွင်းမှာ ရုန်းကန်ရပါမယ်။
Reims နှင့် PSG (စနေနံနက် ၁:၃၅ နာရီ)
Reims က 1 to 10 ဝင်သွားပြီဖြစ်လို့ ဘာမှလောဘတက် စရာမရှိတော့ဘူး။ ဘာပေ ဂိုးရသလောက် သွင်းဖို့ကြိုးစားလာနိုင်လို့ PSG ဂိုးများများ သွင်းပါလိမ့်မယ်။
ရန်းစ် နှင့် လိုင်လီ (စနေနံနက် ၁:၃၅ နာရီ)
လိုင်လီအတွက် မယုံနိုင်စရာ ရာသီတစ်ခုဖြစ်ခဲ့ပြီး ရာသီအပိတ်လှဖို့ အားထုတ်ဦးမှာပါ။ ရန်းစ်ကလည်း Bottem Half မရောက်အောင် ခံကန်လာနိုင်လို့ သရေပွဲပဲ ဖြစ်လာလိမ့်မယ်။
အာမီယန်စ် နှင့် ဂူအင်ဂမ့် (စနေနံနက် ၁:၃၅ နာရီ)
အာမီယန်စ်ကတော့ အသည်းအသန် ကြိုးစားရုန်းကန်ခဲ့တဲ့ အသီးအပွင့်ကို ခံစားရတော့မှာဖြစ်ပြီး ကိုယ်တိုင်လည်း ရှုံး၊ ကိန်းကလည်း နိုင်ပွဲတွေ့မှ Play-off ကန်ရမယ့် အနေအထားပါ။ ဒါပေမဲ့ တန်းဆင်း ဂူအင်ဂမ့် ခြေညံ့လို့ အနိုင်သေချာတဲ့ပွဲပါ။
နန့်စ် နှင့် စထရာဘိုး (စနေနံနက် ၁:၃၅ နာရီ)
နန့်စ်က ရာသီအဆုံးသတ်ကို လှလှပပ ဖြတ်သန်းနေပြီး (၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ စထရာဘိုးကတော့ လိဂ်ဖလားချန်ပီ ယံဖြစ်ပြီးကတည်းက (၈)ပွဲမှာ (၁)ပွဲသာ နိုင်ခဲ့တဲ့အထိ ခြေကျ သွားခဲ့တယ်။ နန့်စ် သရေအနိမ့်ဆုံး ကစားမယ့်ပွဲပါ။
နိုက်စ် နှင့် မိုနာကို (စနေနံနက် ၁:၃၅ နာရီ)
မိုနာကိုရဲ့ နောက်ဆုံးနိုင်ပွဲက တန်းဆင်းဇုန်ကလွတ်ပြီ ပြောနိုင်လောက်အောင် အကျိုးရှိခဲ့ပါတယ်။ လီဂူးမှာက ဂိုးကွာနဲ့ နှိုင်းယှဉ်တာဖြစ်လို့ Play-off ကန်ရဖို့တောင် မရှိသလောက် ပါပဲ။ နိုက်စ် အိမ်ကွင်းမာလို့ မိုနာကို သရေအလွန်ဆုံးပါပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
