အာဆင်နယ်အသင်း၏ ဘောလုံးဒါရိုက်တာဖြစ်သူ ရာအူးလ်ဆန်လယ်ဟီက ချန်ပီယံလိဂ်ဝင်ခွင့်ရခြင်း၊ မရခြင်းကမိမိတို့အသင်း၏ အပြောင်းအရွှေ့ပစ်မှတ်များအပေါ် မည်သည့်သက်ရောက်မှုမှရှိမည်မဟုတ်ဟု ပြောကြားသွားခဲ့သည်။
အာဆင်နယ်အသင်း၏ ဘောလုံးဒါရိုက်တာဖြစ်သူ ရာအူးလ်ဆန်လယ်ဟီက ချန်ပီယံလိဂ်ဝင်ခွင့်ရခြင်း၊ မရခြင်းကမိမိတို့အသင်း၏ အပြောင်းအရွှေ့ပစ်မှတ်များအပေါ် မည်သည့်သက်ရောက်မှုမှရှိမည်မဟုတ်ဟု ပြောကြားသွားခဲ့သည်။
အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် ရှုံးနိမ့်ခဲ့ပါက လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးရမည်ဖြစ်သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး အာဆင်နယ်အသင်းဝက်ဘ်ဆိုက်နှင့် တွေ့ဆုံခဲ့ရာတွင် "ပြောချင်စရာကိစ္စမျိုးတော့ ဟုတ်ပါတယ်။ ကံ ကောင်းတာက ကျွန်တော်တို့အသင်းဟာ လိုချင်တဲ့ကစားသမားတွေကို ရဖို့အတွက် လုံလောက်တဲ့ပုံရိပ်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဘောလုံးရဲ့ ပုံရိပ်တစ်ခုဖြစ်ပြီး သမိုင်းသစ်တစ်ခုကို စတင်ဖို့အသင့်ဖြစ်နေတဲ့အသင်းပါ။ အာဆင်နယ်အသင်းက ကစားသမားတွေကိုခေါ်ဖို့ တံခါးခေါက်နေတဲ့အသင်းတွေရှိသလို၊ ကျွန်တော်တို့က တံခါးသွားခေါက်တာလည်း ရှိပါတယ်။ ချန်ပီယံလိဂ်ဟာ အရေးပါတဲ့ပြိုင်ပွဲတစ်ပွဲဖြစ်ပေမယ့် ဒီပြိုင်ပွဲကို ဝင်ခွင့်မရရင်လည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ပျက်စီးစေမှာမဟုတ်ပါဘူး"ဟု ဆန်လယ်ဟီက ပြောကြားခဲ့သည်။
ဆန်လယ်ဟီသည် ဘာစီလိုနာအသင်းတွင် အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဆင်နယ်အသင်းမှ ဂါဇီဒစ် ထွက်ခွာချိန်တွင် အစားဝင်ရောက်လာခဲ့သူလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
