Top News

၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ်ပွဲကစားမည့်နှစ်ဖက်အသင်းဂန္ထဝင်ကစားသမားစာရင်းကို အတည်ပြုထုတ်ပြန်
24htopnews | December 4, 2024 3:13 AM CST

 

မန်ယူဂန္ထဝင်အသင်းနှင့် ဘိုင်ယန်မြူးနစ်ဂန္ထဝင်အသင်းတို့သည် ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်(၂၀)ပြည့့်အထိမ်းအမှတ်ပွဲကို လာမည့်မေလ(၂၆)ရက် (တနင်္ဂနွေနေ့) တွင် ကစားသွားမည်ဖြစ်ပြီး ယင်းပွဲ၌ ပါဝင်ကစား မည့် နှစ်ဖက်အသင်းမှ ဂန္ထဝင်ကစားသမားများစာရင်းကို မန်ယူအသင်းဝက်ဘ်ဆိုက်တွင် အတည်ပြုထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ယင်းအထိမ်းအမှတ်ပွဲကို ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်(၂၀)တင်းတင်းပြည့်သည့် မေ(၂၆)ရက်နေ့တွင် မန်ယူအသင်း၏ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

၁၉၉၉ ဖလား(၃)လုံးရ မန်ယူအသင်းတွင် ပါဝင်ကစားခဲ့သော မန်ယူကစားသမားဟောင်းအများအပြားမှာ မန်ယူဂန္ထဝင်အသင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုစဉ်က ပွဲချိန်နောက်ဆုံးမိနစ်၌ မန်ယူအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည့် လက်ရှိမန်ယူအသင်းနည်းပြ ဆိုးလ်ရှားလည်း မန်ယူဂန္ထဝင်အသင်းတွင် ပါဝင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူ ဂန္ထဝင်အသင်းကို မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က နည်းပြအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဂန္ထဝင်အသင်းကို ကိုင်ဇာစလော့တန်နည်းပြဟောင်း မိုက်ကယ်ဟန်ကီက နည်းပြအဖြစ် တာဝန်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK