ချယ်လ်ဆီးအသင်းသည် လာမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်မည့် အာဆင်နယ်ဝါရင့်ဂိုးသမား ပီတာချက်အား အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ ပီတာချက်သည် ယင်းယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက သူ့အားအသင်းတွင် ရာထူးတစ်ခုခုပေး၍ ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။ ပီတာချက်၏ လက်ရှိကလပ် အာဆင်နယ်အသင်းကလည်း ၎င်းအား အသင်းနည်းပြအဖွဲ့တွင်ဖြစ်စေ ပြန်လည်တာဝန်ပေးအပ်ရန် စီစဉ်နေရာ နွေရာသီတွင် ယင်းလန်ဒန်မြို့ခံအသင်းနှစ်သင်း၏ အ ပြိုင်ကြိုးပမ်းမှုကို တွေ့မြင်ရဖွယ်ရှိနေသည်။
ယခု Daily Mail တွင် ဖော်ပြခဲ့သောသတင်းအရ ချယ်လ်ဆီးအသင်းသည် အသင်းတွင်လစ်လပ်နေသော အားကစားဒါရိုက်တာရာထူးအတွက် ပီတာချက်ကို တာဝန်ပေးအပ်သွားရန် စဉ်းစားနေကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းသည် နိုင်ဂျီးယားလက်ရွေးစင်ဟောင်း အီမန်နာလိုနှင့် လမ်းခွဲပြီးကတည်းက အားကစားဒါရိုက်တာ ပြန်လည်ခန့်အပ် ခြင်းမရှိသေးဘဲ ယင်းရာထူးမှာ လစ်လပ်လျက်ရှိနေခြင်းဖြစ်သည်။ ပီ်တာ ချက်သည် ချယ်လ်ဆီးအသင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၁၁) နှစ်ကြာ ကစားခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
