NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သုံးဦး ပါဝင်သည့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးမည့် အဖွဲ့ကို ဒေါက်တာ အောင်မိုးညို ဦးဆောင်မည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအင်ထုံခါးနော်ဆမ်က ပြောကြားသည်။
ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရုံးချုပ်တွင် ပြုလုပ်သည့် NLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ဖွဲ့ စည်းခဲ့သည့် အဆိုပါ အဖွဲ့၏ လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအင်ထုံခါးနော်ဆမ်ကို မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“အဓိကကတော့ ဒေါက်တာ အောင်မိုးညိုကို ကျွန်တော်တို့က အဖွဲ့ရဲ့ဦးဆောင်မှု လုပ်ပေးဖို့၊ ခေါင်းဆောင်ဖို့ပေါ့နော်။ သူ့ကို ခေါင်းဆောင်အနေဖြင့် လုပ်တဲ့အချိန်မှာ ကျွန်တော်တို့က သူ့ရဲ့ ဦးဆောင်မှုနဲ့ သူဘယ် လို စီစဉ်သလဲ။ သူ့ရဲ့ စီရင်မှုနဲ့ပဲ ကျွန်တော်တို့ သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ဦးအင်ထုံ ခါးနော်ဆမ်က ပြောကြားသည်။
တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေး နွေးမည့်အဖွဲ့တွင် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့ ပါဝင်ပြီး သုံးဦးစလုံး ပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သည်။
ထို့ပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဒေါက်တာ အောင်မိုးညိုကို ဗဟိုအလုပ်အမှု ဆောင် အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင် (၃) အဖြစ် ထပ်မံ တာဝန်ပေးအပ်ခဲ့ပြီး အဆိုပါ အတွင်းရေးမှူးအဖွဲ့သည်ပါတီ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများပြီးလျှင် တတိယအမြင့်ဆုံး ဖြစ်သည်။
တိုင်းရင်းသားပါတီများနှင့် မည်သို့ တွေ့ဆုံဆွေးနွေးသွားမည်ကို အဖွဲ့ဝင် ခေါင်းဆောင်သုံးဦးက ဆုံးဖြတ်ရမည်ဖြစ်ပြီးအဖွဲ့အနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး စတင်မည်ဟု NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။
“တစ်ဖွဲ့ချင်းလား၊ အုပ်စုလိုက်လားဆိုတာ သူတို့ Authority ပါပဲ။ ဘာပဲပြောပြော ကျွန်တော်တို့မှာ COVID လည်း ရှိတဲ့အခါကျတော့ ဘယ်လိုဆွေးနွေးမယ်ဆိုတာ သူတို့ လက်တွေ့ အလုပ်ဖြစ်နိုင်မှုအပေါ်မှာ မူတည်ပြီးတော့ စဉ်းစားသွားရမှာပေါ့။ တချို့လည်း Online နဲ့ ဆွေးနွေးမလား မသိဘူး။ ဒီအချိန်က သွား ရေး လာရေးကလည်း တော်တော်ကို ခက်တာ ကိုး” ဟု NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။
တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေး နွေးမှုသည် အစိုးရဖွဲ့စည်းရေးထက် အနာဂတ် ပြည်ထောင်စု သစ် ပုံသဏ္ဍာန်ကို သဘောတူညီမှု ရရှိရန် ဖြစ်သည်ဟု ဒေါက်တာ မျိုးညွန့်က ဒီဇင်ဘာ ၁၂ ရက် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်း မှုအပေါ် ဖြေကြားထားသည်။
သို့သော် တိုင်းရင်းသားပါတီများဘက်က ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရအဖွဲ့ များတွင် ပါဝင် သင့်သူများကို တင်ပြခြင်းများ ရှိလာလျှင် ထည့်သွင်း စဉ်းစားမည်ဖြစ်ပြီး တစ်ခါတည်း ပယ်ချမည် မဟုတ်ဟု NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က ဆက်လက် ပြောကြားသည်။
NLD ပါတီသည် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီ ၄၈ ပါတီကို နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် စာပေးပို့ ဖိတ်ခေါ်ခဲ့ပြီးနောက် တိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့ ဖွဲ့စည်းလာ ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ အနိုင်ရထားသော်လည်း ယခုကဲ့သို့ တိုင်းရင်းသားပါတီများနှင့် ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းမှုအပေါ်အပေါင်း လက္ခဏာအဖြစ် တိုင်းရင်းသားပါတီအချို့က ရှုမြင်သည်။
“မလုပ်ဘဲ နေတာထက်စာရင်တော့ ဒီလိုမျိုး တိုင်းရင်းသားတွေနဲ့ နီးနီးကပ်ကပ် လက်တွဲနိုင်ဖို့ ကြိုးစား လာတာကိုတော့ ကောင်းတယ်လို့ယူဆရတာပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေ့တန်းတင် လာတာလို့ ဒီအတိုင်းပဲမြင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။
သို့သော် တွေ့ဆုံဆွေးနွေးမည့် အဖွဲ့တွင် ပါဝင်သူများကိုသာ ထုတ်ပြန်ထားပြီး ယင်းအဖွဲ့ က မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ဆွေးနွေးမည်ကို ရှင်းလင်းစွာ မသိရသေး၍ စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ ဆက်လက်ပြောကြားသည်။
NLD ပါတီ၏ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညှိနှိုင်းမည့် သဘောထားက ကောင်းသည့် လက္ခဏာဟု ပြောနိုင်သော်လည်း အစိုးရ ဖွဲ့စည်းရေးတွင် တိုင်းရင်းသားများ ပါဝင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းမှု မရှိဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
“အစိုးရ ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက် ပြီး တိုင်းရင်းသားပါတီတွေက အဆိုပြုတယ် ဆိုတဲ့ကိစ္စကတော့ ဒါ က သိပ်ရှင်းရှင်းလင်း လင်း မရှိဘူးလို့ မြင်တယ်” ဟု ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
