မန္တလေးမြို့ပေါ် ငါးမြို့နယ်အနက် လက်ရှိတွင် COVID-19 ရောဂါပိုး ကူးစက်ဖြစ်ပွားမှု များပြားသည့်မြို့နယ်ထဲတွင် ပါဝင်သော မဟာအောင်မြေမြို့နယ်တွင် မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး) မှ အခမဲ့ဖျားနာကုသ ဆေးခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
COVID-19 ကူးစက်ဖြစ်ပွားသည့် ကာလအတွင်း ဖျားနာသူများလာရောက်ပြသနိုင်သည့် ဖျားနာကုသရေးအခမဲ့ဆေးခန်း များကို မန္တလေးမြို့ပေါ်ရှိ မြို့နယ်သုံးခုတွင် ဖွင့်လှစ်ထားပြီးဖြစ်ကာ ယခုဖွင့်လှစ်မည့်ဆေး ခန်းမှာ လေးခုမြောက်ဖြစ်ပြီး မဟာအောင်မြေ မြို့နယ် ၄၁လမ်း၊ ၈၉ _ ၉၀ လမ်းကြားရှိ လက် သမားရပ်ကွက်ဓမ္မာရုံတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဆေးခန်းအဆောက်အအုံဆောက်တာ က မနက်ဖန်ဆိုရင် ပြီးစီးမှာဖြစ်တယ်။ အခု လာမယ့်အပတ်ထဲ ဖွင့်ဖို့လုပ်နေပါတယ်။ ဆေးခန်းဖွင့်ချိန်ကိုတော့ မနက်ပိုင်းရော၊ ည နေပိုင်းရောဖွင့်နိုင်ဖို့တော့ ရည်ရွယ်ထား တယ်။ ဒါပေမယ့် ဆေးခန်းဖွင့်မယ့်အချိန် အ တိအကျတော့ မသတ်မှတ်ရသေးဘူး။ အခြား မြို့နယ်တွေက ဆေးခန်းတွေက မနက်ပိုင်းဖွင့် တဲ့ မြို့နယ်နှစ်ခုနဲ့ တစ်ခုက နေ့လယ်ပိုင်းမှာ ဖွင့်ပြီး လက်ခံကုသပေးနေတယ်” ဟု မြန်မာ နိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) COVID-19 Respond Team ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က ဆိုသည်။
မန္တလေးမြို့တွင် ပထမဆုံးအခမဲ့ဖျားနာ ကုသဆေးခန်းအား ဧပြီလအတွင်းမှ စတင် ကာ ချမ်းမြသာစည်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ကြားကာလတွင် လူနာလာရောက်မှုမရှိသောကြောင့် ဖျားနာကုသဆေးခန်းများကို ခေတ္တ ပိတ်ခဲ့ကာ COVID-19 ဒုတိယလှိုင်းဖြစ်ပွား သည့်အချိန်တွင် ဖျားနာကုသရေးဆေးခန်း များကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက် ရှိတွင် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ် ကွက်ရှိဆေးခန်း (နံနက်ပိုင်း)၊ အောင်မြေသာ စံမြို့နယ် ၁၂ လမ်း၊ ၇၅ x ၇၆ ကြားရှိဆေးခန်း (နံနက်ပိုင်း)၊ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း ဗြဟ္မစိုရ်လူမှုကူညီရေးရုံးအတွင်း ဆေးခန်း (နေ့လယ်ပိုင်း) များတွင် ဖျားနာသူများအား လက်ခံကုသစစ်ဆေးမှုများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာဦး ရေမှာ တစ်ရက်လျှင် ၂၀၀ ကျော်ရှိပြီး ခရိုင်ရှိ မြို့နယ် ခုနစ်ခုအနက် ချမ်းအေးသာစံ၊ အောင်မြေသာစံနှင့် မဟာမောင်မြေမြို့နယ်များမှာ ပိုးတွေ့လူနာဦးရေအများဆုံးဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်အထိ စာရင်းများအရ အောင်မြေသာ စံမြို့နယ်တွင် ပိုးတွေ့သူဦးရေ ၁၃၆၈ ဦး၊ ချမ်း အေးသာစံမြို့နယ်တွင် ပိုးတွေ့သူဦးရေ ၁၆၇၉ ဦးနှင့် မဟာအောင်မြေမြို့နယ်တွင် ပိုးတွေ့သူ ဦးရေ ၁၅၆၄ ဦးရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
