Top News

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းထိန်း ကျောက်စီနံရံပေါ်တွင် နေအိမ်ဆောက်လုပ် ကျူးကျော်မှုများကိုတားမြစ်သွားမည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ပြောကြား
24htopnews | December 4, 2024 3:13 AM CST

မြန်မာ-ထိုင်းနယ်စပ် စည်းခြား သောင်ရင်းမြစ် ကမ်းပါးပြိုကျခြင်းမှ ကာကွယ်ရန် ပြုလုပ်ထားသော ကမ်းထိန်းနံရံဘေးကျောက် စီနံရံနှင့် သောင်ရင်းမြစ်အတွင်းဘက်တွင် ကျူးကျော်နေအိမ်ဆောက်လုပ်နေမှုအား သက်ဆိုင်ရာဌာနအဆင့်ဆင့်သို့ ညွှန်ကြားပြီး တားမြစ်သွားမည်ဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြား သည်။

မြဝတီမြို့အမှတ် (၃) ရပ်ကွက် ဇီးတော ဂိတ်(ခ) အမှတ် (၂) ဂိတ်အနီး သောင်ရင်းမြစ် ကမ်းစပ်၌ ကျူးကျော်နေအိမ်တဲများဆောက် လုပ်နေမှုနှင့်ပတ်သက်၍မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က“မကျူးကျော် အောင်ထိန်းဖို့တော့ ရပ်ကွက်ကို ပြောထားတာ ရှိတယ်။ ယခုလက်ရှိမှာတော့ စိစစ်ခိုင်းထားတုန်းပဲဖြစ်ပါတယ်။ စည်ပင်ရယ်၊ ရဲတပ်ဖွဲ့ရယ် တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပြီးတော့  စာထုတ်တားဆီးဖို့  သက်ဆိုင်ရာဌာနအဆင့် ဆင့်ကို ညွှန်ကြားပြီး တားဆီးသွားမှာဖြစ်ပါ တယ်။ ဒါကတော့ မြေနုကျွန်းနဲ့ ဆိုင်တယ်။ ဒီမှာတားလို့မရရင်တော့ မြေနုကျွန်းနဲ့ တစ်ခါ ထပ်လုပ်ရမှာပေါ့” ဟု ပြောကြားသည်။

အဆိုပါနေရာအား ရဲတပ်ဖွဲ့၊ စည်ပင်၊ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်း မှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၃ ရက် နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

မြဝတီမြို့နယ် ဥပဒေဆိုင်ရာ အထောက်ကူပေးရေးအဖွဲ့ဝင် ဦးသစ်လွင်ကြည်က ကမ်း ထိန်းနံရံ၊ ကျောက်စီနံရံပေါ်မှ ကျောက်များကို ဖယ်ထုတ်ပြီး နေအိမ်ဆောက်လုပ်ကျူးကျော် နေကြခြင်းမှာ ကမ်းပါးပြိုဖို့အစပြုခြင်းဖြစ် ကြောင်း ပြောကြားသည်။

“ကမ်းထိန်းနံရံမှာတော့ အခုရက်ပိုင်းမှာ အဆောက်အအုံလေးတွေ ဆောက်လာတာ ပေါ့နော်။ ကမ်းထိန်းနံရံဆိုတာကတော့ ကမ်းပါးမပြိုအောင် သံဆန်ခါတွေအုပ်ပြီး ကျောက် စီနံရံတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ကမ်း နားတစကြောကို ရေထိန်းနံရံလုပ်ထားတာပါ။ဟိုဘက်ထိုင်းနိုင်ငံပါ။ သူတို့ဘက်မှာတော့လှပသန့်ရှင်းအောင်ထားတယ်။ ကျွန်တော်တို့ ဆီမှာတော့ ကျူးကျော်တဲဆောက်တာတွေရှိ လာတယ်။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဦး ဆောင်ပြီး ကာကွယ်ရမှာဖြစ်ပါတယ်။ တဲ ဆောက်တယ်။ ကျောက်စီနံရံတွေကို တူးဆွ ပြီး အိမ်ဆောက်မယ်ဆိုရင် ကမ်းပါးပြိုဖို့အစပြုတာဖြစ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး က ဒီရပ်ကွက်မှာ တာဝန်အရှိဆုံး၊ တာဝန်ရှိတဲ့ သူတွေက ဒီလိုလုပ်နေတယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ရဲ့ နယ်နိမိတ်ကို ဘယ်သူတွေက စောင့်ရှောက်မလဲ။ ဒီကမ်းနားလမ်းက အခုလိုကိုဗစ်ကာလမှာ လေကောင်း လေသန့်တွေနဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတွေ ပြုလုပ်လို့ရမယ့်အစား သူများအိမ်နောက်ဖေး ခနော်ခနဲ့တဲလေတွေနဲ့။ တကယ်ဆိုရင် ကမ်းပါးထိန်းသိမ်းရေးအဖြစ် ကျောက်စီနံရံတွေပြု လုပ်ထားတာကို ဖယ်ထုတ် ပြီးနေအိမ်ဆောက် လုပ်နေတာကတော့ မဖြစ်သင့်ပါဘူး” ဟု ဦးသစ်လွင်ကြည်က ဆိုသည်။

 


READ NEXT
Cancel OK