Top News

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးတွင် COVID-19 ကူးစက်ခံရပြီးနောက် ကျန်အစိုးရအဖွဲ့ဝင်များကို Swab ယူစစ်ဆေးရာ Negative အဖြေထွက်
24htopnews | December 4, 2024 3:13 AM CST

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ထံတွင် COVID-19  ကူးစက်ခံထားရသည်ကို သိရှိရပြီးနောက်  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီးဝန်ကြီးများ နှင့် ရုံးအဖွဲ့ဝင်များကို Swab ယူစစ်ဆေးခဲ့ ရာတွင် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ် ပြန်ချက်များအရ အားလုံး Negative ရလဒ် ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်မှာ ရွေးကောက်ပွဲကုန်ကျစရိတ်များ တင်ပြ ရှင်းလင်းနိုင်ရန်အတွက် လပွတ္တာမြို့သို့ ပြန်လည်သွားရောက်စဉ် လပွတ္တာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးရုံးအဖွဲ့ဝင်များမှတစ်ဆင့် ရောဂါကူးစက်ခြင်း ခံခဲ့ရပြီး ပုသိမ်တိုင်းရင်းဆေးရုံကြီးတွင် ကျန်းမာစွာ ဆေးဝါးကုသမှုများ ခံယူနေလျက်ရှိကြောင်း၊ ကျန်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ထိတွေ့မှုများမရှိခဲ့သော်လည်း ကျန်းမာရေးဌာန၏ အကြံပြုချက်အရ ဝန်ကြီးချုပ်၊ ဝန်ကြီး များနှင့် ရုံးအဖွဲ့ဝင်များအားလုံးအား ဒီဇင်ဘာ  ၁၁ ရက်တွင် Swab ယူကာ အမျိုးသားဓာတ် ခွဲခန်းသို့ ပေးပို့ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် ထုတ် ပြန်ချက်များအရ Negative ရလဒ်ထွက်ရှိခဲ့ သည်ကို သိရခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးများ၊ ရုံးအဖွဲ့ဝင်များထံတွင်  Negative  ရလဒ်ထွက်ရှိခဲ့ကြောင်းကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်း ထွဋ်တို့က  ၎င်းတို့၏ Facebook စာမျက်နှာများပေါ်တွင် ရေးသားကာ သတင်းထုတ်ပြန် ပေးထားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် နေ့စဉ်ဒေသတွင်း ရောဂါကူးစက်မှုများ ပိုမို များပြားလာပြီး ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်များအရ တိုင်းဒေသကြီးအ တွင်း  COVID-19 ရောဂါကူးစက်ခံခဲ့ရသည့် အတည်ပြုလူနာဦးရေမှာ ၃၅၇၃ ဦးထိရှိခဲ့ပြီး ၂၆ ဦးသေဆုံးကာ ၂၈၀၅ ဦးမှာ ရောဂါများ သက်သာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိ ခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK