Top News

တင်ဒါပွဲ တက်ရောက်ခဲ့သူတစ်ဦးတွင် COVID-19 ပိုးတွေ့၍ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ၃၈ ဦး Quarantine ဝင်ရ
24htopnews | December 4, 2024 3:13 AM CST

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လမ်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည့် တင်ဒါပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးတွင်  COVID-19 ရောဂါပိုးတွေ့ရှိရ၍ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ၃၈ ဦး Quarantine ဝင်နေရကြောင်း ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ညောင်ဦးခရိုင် လမ်းဦးစီးဌာနရုံး၌ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် တင်ဒါဖွင့်ပွဲသို့တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးတွင် COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါတင်ဒါဖွင့်ပွဲ သို့ တက်ရောက်ခဲ့သည့် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန် ထမ်းများအပါအဝင် စုစုပေါင်း ၃၈ ဦး Quarantine ဝင်နေရကြောင်း ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြောကြား သည်။

“ကျွန်တော်တို့ ဒီလ ၆ ရက်နေ့က ခရိုင် လမ်းဦးစီးရုံးမှာ ပြုလုပ်တဲ့တင်ဒါပွဲမှာ တက် ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ တက် ရောက်ခဲ့ကြပါတယ်။ အဲအထဲမှာ လုပ်ငန်း ရှင်တစ်ယောက်က ဆိပ်ဖြူမြို့နယ်ကလည်း ပါပါတယ်။ သူက သူမြို့ရောက်သွားတော့ အတည်ပြုလူနာအဖြစ် တွေ့တယ်။ ဒါနဲ့ သူနဲ့ ထိတွေ့ဆက်စပ်တဲ့ ၃၂ ယောက်ကို ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာန စည်းကမ်းနဲ့ အညီ ဟိုတယ်မှာ ၁၄ ရက် Quarantine ဝင် ရတာပါ။ ကျွန်တော်တို့ ဝန်ထမ်းတွေပါ ပါ တယ်ဆိုတော့ လက်ရှိ ၃၈ ယောက် Quarantine ဝင်နေတယ်။ ကျောက်ပန်းတောင်းက လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်၊ လုပ်ငန်းရှင် ခြောက်ယောက်၊ ညောင်ဦးတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်၊ ခရိုင်အုပ်ချူပ်ရေးတို့ စသဖြင့် ဝန်ထမ်းတွေ တင်ဒါပွဲတက်ရောက်ခဲ့တဲ့အားလုံး အကုန် Quarantine ဝင်ရပါတယ်” ဟု ညောင်ဦးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြောကြား သည်။

ညောင်ဦးခရိုင် လမ်းဦးစီးဌာနရုံး၌ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် တင်ဒါဖွင့်ပွဲသို့တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရသည့် အတွက် ယင်းပွဲသို့ တက်ရောက်ခဲ့သူများသည် ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ Hotel Quarantine ဝင်နေကြောင်းနှင့်  COVID-19 ရောဂါပိုးရှိ မရှိ သိရှိနိုင်ရန် Swab ယူ၍ မန္တ လေးသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သိရ သည်။

“ကျွန်တော်တို့  Quarantine ဝင်နေတာ ပါ။ ကျွန်တော်တို့ Swab တွေကို ပို့ထားပါ တယ်။ အဖြေက မသိသေးပါဘူး။ မန္တလေးကို ပို့ပြီး စစ်ဆေးနေတယ်။ အဖြေက မသိသေးပါ ဘူး။ ကျွန်တော်တို့အားလုံး ရဲ့  Swab ယူပြီး ပို့ထားတာပါ” ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချူပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြော ကြားသည်။

ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိန်က “ကျွန်တော်တို့ Hotel Quarantine ဝင်နေရပါတယ်။ Quarantine ဝင်နေတဲ့သူက စုစုပေါင်း ၃၈ ယောက်ပါ။ ကျွန်တော်တို့ RDT စစ်တော့ Negative ပါ။ Swab ကို မန္တလေးကို ပို့ပြီးစစ် ထားပါတယ်”ဟု ပြောကြားသည်။

လက်ရှိတွင် ညောင်ဦးမြို့နယ်အတွင်းရှိ  Quarantine Center များတွင် Quarantine ဝင်ရောက်နေရသူ ၁၅၉ ဦးရှိကြောင်းနှင့် ညောင်ဦးမြို့နယ်အတွင်း COVID-19 ရော ဂါပိုးတွေ့လူနာ ၈၉ ဦးအထိရှိပြီဖြစ်ကာ ယင်း COVID-19 ပိုးတွေ့လူနာများအနက် ၈၄ ဦးမှာ  ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံ ဆင်းသွားပြီဖြစ်သဖြင့် လက်ရှိတွင် ညောင်ဦး ခရိုင်ပြည်သူ့ဆေးရုံကြီး၌ COVID-19 ပိုး တွေ့လူနာငါး ဦး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 


READ NEXT
Cancel OK