Top News

တောင်ကိုရီးယားသမ္မတက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ
24htopnews | December 4, 2024 5:12 AM CST

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဒီဇင်ဘာ ၄ ရက်တွင် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီး အတိုက်အခံများသည် လွှတ်တော်ကို ထိန်းချုပ်နေကြောင်း စွပ်စွဲခဲ့သည်။

အတိုက်အခံများသည် မြောက်ကိုရီးယားကို ထောက်ခံပြီး နိုင်ငံတော်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများလုပ်ဆောင်ခြင်းဖြင့် အစိုးရအဖွဲ့ကို ရပ်တန့်ရန်လုပ်ဆောင်နေသည်ဟု ယွန်းကပြောသည်။

ရုပ်သံမှတစ်ဆင့် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာရာတွင် ယွန်းက မြောက်ကိုရီးယားလိုလားသည့် အင်အားစုများကို ချေမှုန်းပြီး အခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီအခင်းအကျင်းကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။

ယွန်း၏ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုသည် အစိုးရ၏အုပ်ချုပ်မှုအခန်းကဏ္ဍနှင့် ဒီမိုကရေစီကို မည်ကဲ့သို့ သက်ရောက်မည်ဆိုခြင်းကို ရှင်းလင်းစွာမသိရသေးပေ။

ယွန်း၏ ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင် ဟန်ဒေါင်ဟွန်းကမူ ထိုကဲ့သို့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခြင်းသည် မှားယွင်းကြောင်းနှင့် လူထုနှင့်အတူ ရပ်တန့်သွားမည်ဟု ပြောကြားခဲ့သည်။

၂၀၂၂ သမ္မရွေးကောက်ပွဲတွင် ယွန်းကို ရှုံးနိမ့်ခဲ့သည့် လီဂျေမြောင်ကမူ ယွန်း၏ ကြေညာချက်သည် တရားမဝင်ဘဲ ဖွဲ့စည်းပုံနှင့်မညီကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းများအရ လီသည် လွှတ်တော်အပြင်ဘက်တွင် လူထုကို စုရုံးရန် တိုက်တွန်းခဲ့သည်။

■Ref: AP/BBC

 


READ NEXT
Cancel OK