သင်္ကြန်ကာလအတွင်း လက်ရှိ အပူချိန်ထက် ပိုမိုပူပြင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
“မိုးက ပြတ်သလောက် ရှိသွားပြီ။ မြောက်ပိုင်းစွန်းလောက်ပဲ ရှိတော့တာဖြစ်တဲ့အတွက် အပူချိန်က ပြန်ပြီးတော့ တက်လာပြီ။ သင်္ကြန်ကာလမှ အပူချိန်မြင့်တက်နေမယ့် အနေအထားရှိတယ်။ ရှိတဲ့အချိန်ကျတော့ အပူချိန်က အခုလက်ရှိထက်ကို အနည်းငယ် ပိုလာနိုင်တဲ့ အနေအထားရှိပါတယ်”ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
သင်္ကြန်ကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာမှုသည့် တစ်နေရာနှင့် တစ်နေရာ မတူနိုင်ကြောင်း၊ အနိမ့်ဆုံး ၀ ဒသမ ၅ မှ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးနိုင်ကြောင်း ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
“မြို့တစ်မြို့နဲ့ တစ်မြို့ကတော့ မတူဘူး။ ပျမ်းမျှအားဖြင့် ၀ ဒသမ ၅ ကနေ ၁ ဒသမ ၅ အကြား ပိုလာနိုင်တဲ့ အနေအထားမျိုး ရှိတယ်”ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
နေ့ခင်းဘက်များတွင် အပူချိန်များ မြင့်တက်နိုင်မှုကြောင့် သင်္ကြန်လည်ပတ်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို သတိပြုသင့်ကြောင်း၊ သင်္ကြန်လည်မည် ဆိုပါကလည်း နံနက်ခင်းနှင့် ညနေခင်းတို့တွင်သာ လည်ပတ်သင့်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
“နေရိပ်တဲ့ အချိန်တွေမှာ ရေပက်ခံထွက်တာ ပြဿနာသိပ်မရှိဘူး။ နေ့ခင်း ပူလာတဲ့အချိန် ရောက်ရင် အပေါ်ကလည်း ပူတယ်။ အောက်ကလည်း ရေစိုထားတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် သတိပြုဖို့လိုတယ်။ သင်္ကြန်ကာလမှာ နှစ်စဉ်ကြုံတွေ့နေကျ ဖြစ်တဲ့အတွက် အပူချိန်ပြင်းတဲ့အချိန်မှာ အရိပ်တွေ ဘာတွေအောက်မှာ နားခိုသင့်တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
ထို့ပြင် အပူချိန်မြင့်တက်လာမှုကြောင့် အပူပြန်တက်တိမ် မှတစ်ဆင့် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး နေရာကွက်ကျား မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးေကြွခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်စဉ်များကိုလည်း သတိပြုရန် လိုအပ်ကြောင်း ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ဒုတိယ ၁၀ ရက်ပတ်အတွင်း နေ့အပူချိန်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပုံမှန်အပူချိန်၏ (၁ ဒသမ ၅) ဒီဂရီ စင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
