Top News

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ ကျော်ကို မြို့ပြ Urban Planning အဖြစ် အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်စေရေး ဆောင်ရွက်လျက်ရှိ
24htopnews | December 4, 2024 7:12 AM CST

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ ကျော်ကို မြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေတစ်သိန်းအထက်ရှိသည့် မြို့ကြီးများ၏ မြို့ပြစီမံကိန်းများ ရေးဆွဲပြီးနောက် လူဦးရေငါးသောင်းနှင့်အထက်ရှိပြီး ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းသည့် မြို့များကို ဦးစားပေးကာ မြို့ပြစီမံကိန်းများ ရေးဆွဲလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

“လူဦးရေ ငါးသောင်းနဲ့အထက်ရှိတဲ့ မြို့တွေကလည်း မြို့ပေါင်း ၃၀၊ ၄၀ ကလည်း ဖွံ့ဖြိုးရေးက တာဆူနေတော့  အဓိကဦးစားပေးပြီး မြို့ပြစီမံကိန်းတွေ ဆွဲပါတယ်။ တားကတ်ကတော့ များပါတယ်။ ဒါပေမဲ့ အရေးပေါ်ပေါ့။ တိုင်းဒေသအစိုးရများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်လို့ ခေါ်တာတွေရှိတယ်။ ဥပမာ-ကျိုက်ထီးရိုးပတ်ဝန်းကျင် ဖွံ့ဖြိုးရေး၊ မောင်းမကန် ကမ်းခြေဖွံ့ဖြိုးရေး၊ ငပလီဒေသ ဖွံ့ဖြိုးရေးတို့ပေါ့။ ဒီဒေသတွေနဲ့ပတ်သက်တဲ့ မြို့ပြစီမံကိန်းတွေကိုလည်း ဆွဲပေးပါတယ်” ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က ပြောကြားသည်။

“မြို့ပေါင်း ၃၀၀ ကျော်ပေါ့နော်။ အဲဒီအထဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ -၂၀၁၆ မှာတော့ ၅၆ မြို့ဆွဲတယ်။ ဒေသအစိုးရ လိုအပ်ချက်အရ ထပ်ပြီးဖြည့်ဆွဲတာရောဆိုရင်တော့ အားလုံး  မြို့ပေါင်း ၈၁ မြို့ကို တားကတ်ထားပြီး လုပ်တာကတော့ ပြီးသလောက်ဖြစ်ပါတယ်။ သို့သော် Urban Planning ပုံစံရဲ့ သဘောတရားအရ ငါးနှစ်ပေါ့နော်။ ငါးနှစ်ကြာရင် ပြန်ပြီး Review လုပ်တာတွေ ရှိပါတယ်။ ကျွန်မတို့က အဓိက မြို့ကြီးတွေကိုတော့ ပြန်ပြီး Review လုပ်ပါတယ်။  မန္တလေးတို့၊ ပုသိမ်တို့၊ ဘားအံတို့ပေါ့နော်။ မြို့ကြီးတွေကိုတော့ ပြန်ပြီးလုပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်အရ ၂၀၁၁ -၂၀၁၅ ခုနှစ်အတွင်း မြို့ပြစီမံကိန်း ရေးဆွဲခဲ့သည့် မြို့ပေါင်း ၃၇ မြို့ရှိပြီး၂၀၁၆ မှ ၂၀၁၇ ခုနှစ်အတွင်း ကယားပြည်နယ်တွင် သုံးမြို့၊ ကရင်ပြည်တွင် ဘားအံမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာ၊ လဟယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်နှင့် သာယာဝတီ၊ မွန်ပြည်နယ်တွင်သုံးမြို့၊ မကွေးတိုင်းဒေသကြီးတွင် ငါးမြို့၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ပြန်လည်သုံးသပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းခြံကုန်းမြို့ မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ ကွမ်းခြံကုန်းမြို့နယ် မြေနီကုန်းကျေးရွာ၊ ကော့မှူး၊ ဧရာဝတီတိုင်းဒေသကြီးတွင် လပွတ္တာ၊ ပုသိမ်၊ မော်လမြိုင်ကျွန်းနှင့် ဟိုင်းကြီးကျွန်းစသည်တို့ကို ရေးဆွဲလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲသောမြို့ ၅၆ မြို့တွင် ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ချင်းပြည်နယ်တွင် ဟားခါးနှင့် ဖလမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခန္တီး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ တမူး၊ ကလေး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ ပြည်၊ တောင်ငူ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ သထုံ၊ မုဒုံ၊ ကျိုက်ထို၊ မကွေးတိုင်းဒေသကြီးတွင် မကွေး၊ ပခုက္ကူ ရေနံချောင်း၊ ချောက်၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ မြင်းခြံ၊ မိုးကုတ်၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ ပုဂံ - ညောင်ဦး စသည့် မြို့များဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK