တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ဒေသ၌ နှစ်စဉ်သင်္ကြန်မတိုင်ခင် ၂ ရက်အလိုမှစတင်၍ ရေပတ်ကစားကြလေ့ရှိသည့် ကလေးသင်္ကြန်ကို ဧပြီလ ၁၁ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။ မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားကြသည့်ရက်မှာ သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်နေ ့အထိ ၄ ရက်သာဖြစ်သော်လည်း ထားဝယ်ဒေသတွင် ရှေးယခင်ကတည်းကပင် သင်္ကြန်အကြိုနေ့မတိုင်ခင် ၂ ရက်အလိုမှစ၍ နှစ်ဆန်းတစ်ရက်နေ့အထိ ရေပတ်ကစားလေ့ရှိကြောင်း၊ သင်္ကြန်အကြို့နေ့မတိုင်ခင် ၂ ရက်နှင့် သင်္ကြန်အကြိုနေ့အား ကလေးငယ်များ ရေဆော့ကစားသည့် ကလေးသင်္ကြန်အဖြစ် သတ်မှတ်၍ ရေပက်လေ့ရှိကြောင်းသိရသည်။
ထားဝယ်ရိုးရာ ကလေးသင်္ကြန် ပထမနေ့ဖြစ်သည့် ဧပြီလ ၁၁ ရက်နေ့တွင် မနက်ပိုင်းမှစတင်၍ ထားဝယ်မြို့ပေါ်ရှိ ကလေးသင်္ကြန်မဏ္ဍပ်များ၌ ရေပက်ကစားကြသည့် ကလေးငယ်များဖြင့် စည်ကားနေပြီး ထားဝယ်ဒေသတွင်းရှိ ရပ်ကွက်ကျေးရွာများတွင်လည်း ကလေးငယ်များ ပျော်ရွှင်စွာ ရေပက်ကစားနေကြကြောင်း သိရသည်။ ထားဝယ်ဒေသတွင် မဟာသင်္ကြန်ပွဲတော်ကို ရှေးယခင်ကတည်းကပင် အခြားဒေသများနှင့်မတူဘဲ သင်္ကြန်အကြိုနေ့မတိုင်ခင် ၂ ရက်အလိုမှစတင်၍ သင်္ကြန်အကြိုနေ့အထိ ကလေးသင်္ကြန် ၃ ရက်အဖြစ် သတ်မှတ်ကာ ကျင်းပလေ့ရှိပြီး ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလတွင် ၎င်းကလေးသင်္ကြန်ပြုလုပ်သည့် ၃ ရက်ကို ကလေးသင်္ကြန်အဖြစ် တိုင်းဒေသကြီးအစိုးရက စတင်သတ်မှတ်ကာ မြို့ပေါ်ရပ်ကွက် ၁၅ ခုနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ မူကြိုကျောင်းတစ်ခုတို့မှ ကလေးသင်္ကြန်မဏ္ဍပ် ၁၆ ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်ဒေသတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သင်္ကြန်အကြိုနေ့မတိုင်ခင် ၂ ရက်အလို၌ စတင်ရေပက်လေ့ရှိပြီး ၎င်းရက်များအား ကလေးသင်္ကြန်ဟု သတ်မှတ်ကြသည့်အပြင် လူကြီးသင်္ကြန်အဖြစ် သင်္ကြန်အကျနေ့မှ မြန်မာနှစ်ဆန်းတရက်နေ့အထိ ရေပက်ကစားကြလေ့ရှိကြောင်း၊ ယခုနှစ် ထားဝယ်သင်္ကြန်ပွဲတော်ကာလကို ကလေးသင်္ကြန်စတင်သည့် ဧပြီလ ၁၁ ရက်နေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယခုနှစ် ထားဝယ်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်အပါအဝင် ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာ မဏ္ဍပ် ၆ ခု ရှိမည်ဖြစ်ပြီး သင်္ကြန်ယိမ်းအက ပြိုင်ပွဲတွင် ဌာနဆိုင်ရာနှင့် ရပ်ကွက်/ကျေးရွာဟူ၍ ပြိုင်ပွဲအမျိုးအစား ၂ ခုဖြင့် ကျင်းပသွားမည်ဖြစ်ကာ လက်ရှိတွင် ဌာနဆိုင်ရာ အကအဖွဲ ့ ၉ ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအကအဖွဲ့ ၁၀ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော် ကာလအတွင်း ကြမ်းတမ်းစွာ ရေပက်ကစားခြင်းနှင့် Pressure ပိုက်များဖြင့် ရေပက်ခြင်းကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ယင်းသို့ ရေကစားနေသည်ကို တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များဖြင့် စောင့်ကြည့်မှုများ ဆောင်ရွက်သွားမည်ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မြန်မာရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ ထားဝယ်မြို့တွင် မဏ္ဍပ် ၅ ခု ဖြင့်ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများနှင့် သင်္ကြန်ပွဲဆင်နွှဲကြသူများဖြင့် နှစ်စဉ်တိုးမပေါက်အောင် စည်ကားလေ့ရှိသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
