အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲဆို၍ ထားဝယ် အကျဉ်းထောင်တွင် ဖမ်းဆီး စစ်ဆေးခြင်းခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ တတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ လေးဦးကို ထားဝယ်အကျဉ်းထောင်မှတဆင့် ရဲတပ်ဖွဲ ့ကား သုံးစီးဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ရုံးထုတ်လာခဲ့ခြင်းဖြစ်ပြီး တရားခွင်၌ တရားလွှတ်တော် တရားသူကြီးရှေ့တွင် ဒေါက်တာ လဲ့လဲ့မော်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့် ရှေ့နေများက ဒေါက်တာ လဲ့လဲ့မော်မှာ ထားဝယ်အကျဉ်းထောင်အတွင်း၌ နေထိုင်နေစဉ် ခြေလက် ထုံကျင်ခြင်း၊ ဝမ်းကိုက်ခြင်း ဝေဒနာများ ခံစားနေရသည့်အတွက် ထောင်ပိုင်ကြီးမှတဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသ စစ်ဆေးပေးရန် အကြောင်းကြားခဲ့သဖြင့် ဧပြီလ ၈ ရက်နေ့တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးဘက်မှ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးနှင့် ခွဲစိတ်ပါရဂူများအဖွဲ့က အကျဉ်းထောင်သို ့လာရောက်ကာ စစ်ဆေးကုသပေးခဲ့ကြောင်း ဆေးကုသမှုမှတ်တမ်းများကို တရားသူကြီးထံတင်ပြပြီး အာမခံဖြင့် အချုပ်လွှတ် ထုချေခွင့်ပြုရန် လျောက်ထားတင်ပြခဲ့သည်။
ထိုသို့တင်ပြပြီးနောက် ဒေါက်တာလဲ့လဲ့မော်က တရားခွင်၌ တရားသူကြီးအား စကားပြောဆိုခွင့်တောင်းခဲ့ပြီး ၎င်းအနေဖြင့် ဧပြီလ ၄ ရက်နေ့ ရုံးချိန်းအပြီးတွင် ညဘက်၌ အိပ်မပျော်သဖြင့် ပန်ကာဖွင့်၍ အိပ်ခဲ့ပြီးနောက် ခြေတောက်နှင့် လက်တစ်ဖက် ထုံကျင်ပြီး ၂ ရက်ခန့် လမ်းမလျောက်နိုင် ဖြစ်ခဲ့သောကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များ၏ ဆေးကုသမှုကို ခံယူခဲ့ရာ ၎င်းတွင် သွေးတိုး ၉၀/၁၅၀ အထိ ဖြစ်နေပြီး နှလုံးနှင့် ဆီးချိုလည်း တက်နေကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ၎င်း၌ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာများ ခံစားခဲ့ရပြီး အရိုးပါး၊ အရိုးပွရောဂါလည်း ရှိကြောင်းနှင့် လက်ရှိဖြစ်ပွားရခြင်းမှာလည်း အကျဉ်းထောင်အတွင်း၌ ပြင်ပမှ အစားအသောက်များကို မှာယူစားသောက်နေရသောကြောင့် ဖြစ်ပွားခဲ့သည်ဟု ထင်ကြောင်း၊ ဒုတိယအကြိမ် ရုံးချိန်းတွင် တရားလိုရှေ့နေများက ၎င်းအား အာမခံပေးပါက နိုင်ငံခြားသို့ထွက်ပြေးလိမ့်မည်ဟု ပြောဆိုကာ အာမခံလျောက်ထားမှုကို ကန့်ကွက်ခဲ့သည်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် နိုင်ငံခြားသို့ ထွက်ပြေးမည်ဆိုသည်မှာ လုံးဝမဟုတ်ကြောင်း တရားသူကြီးအား ပြောကြားခဲ့သည်။
တရားလွှတ်တော်တရားသူကြီးရှေ့တွင် ၁၀ မိနစ်ခန့် တင်ပြမှုများ ပြုလုပ်ပြီးနောက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် တရားခွင်ကိုရပ်နားခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်အား အာမခံပေး မပေးဆိုသည်ကို အမိန့်ချရန် လာမည့် ဧပြီလ ၂၂ ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆိုကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။ တိုင်းဒေသကြီးတရားလွှတ်တော်သို့ ရုံးထုတ်လာရာ၌ ဒေါက်တာလဲ့လဲ့မော်အား လက်ထိပ်ခတ်ထားခြင်းမရှိဘဲ ကျန် GGS တာဝန်ရှိသူများကို လက်ထိပ်ခတ်ထားခဲ့ကြောင်း၊ တရားခွင်အတွင်း၌ ၎င်းတို ့၄ ဦး၏ မိသားစုဝင်များကို ဝင်ရောက်ခွင့်ပေးခဲ့ပြီး တရားခွင်ရပ်နားပြီးနောက် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးတို့မှာ ၎င်းတို့၏ မိသားစုဝင်များနှင့် ၅ မိနစ်ခန် ့တွေ ့ဆုံမှုရှိခဲ့ကာ မနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ရဲတပ်ဖွဲ့ယာဉ်တန်းဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်မှတဆင့် ထားဝယ်အကျဉ်းထောင်သို ့ခေါ်ဆောင်သွားခဲ့သည်။
တိုင်းဒေသကြီး တရားလွှတ်တော်သို ့ ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူများ ရုံးထုတ်လာသည်ကို ၎င်းတို့၏ မိသားစုဝင် ဆွေမျိုးများနှင့် GGS ကုမ္ပဏီဝန်ထမ်းများ လာရောက်တွေ ့ဆုံမှုရှိခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်ပါ ၃ ဦးအား ထားဝယ်အကျဉ်ထောင်သို့ ပြန်လည်ပို့ဆောင်ရန် တရားခွင်မှ ခေါ်ဆောင်လာစဉ် GGS ကုမ္ပဏီဝန်ထမ်းအချို့က ၎င်းတို့ ၄ ဦး ဖြတ်သန်းလာသည့် တရားရုံးလျှောက်လမ်းကို တန်းစီ၍ ကွယ်ထားခဲ့ပြီး ကျန်းမာပါစေဟု ဝန်ထမ်းအချို့က အော်ဟစ်မှုရှိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုတွဲ ၄ ခုဖြင့် မတ်လ ၁၀ ရက်နေ့က အမှုဖွင့်ခဲ့ပြီးနောက် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး မတ်လ ၂၅ ရက်နေ့တွင် ၎င်းတို ့၄ ဦးစလုံးကို တိုင်းဒေသကြီးတရားလွှတ်တော်၌ တပြိုင်နက်ရုံးထုတ်ခဲ့ကာ စတင်တရားစွဲဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
