ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းအတွက် နောက်ဆုံးအဆင့် တင်ဒါယှဉ်ပြိုင်ရန် ကုမ္ပဏီ ၁၀ ခု ရွေးချယ်ထားပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို ၂၀၁၉ ခုနှစ် ဇွန်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ နောက်ဆုံးအဆင့် တင်ဒါယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် ကုမ္ပဏီ ၁၀ ခုကို မေလတွင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် သဘောတူညီချက် စာချုပ်စာတမ်းကို ပြင်ဆင်နေပြီး သက်ဆိုင် ရာ ဝန်ကြီးဌာနများသို့ တင်ပြပြီး သဘောထားမှတ်ချက် တောင်းခံထားကြောင်း သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး သုံးနှစ်အတွင်း အပြီး တည်ဆောက်မည်ဖြစ်ကာ ပြန်လည်ရရှိမည့် ငွေကြေးစနစ်အနေဖြင့် Inner Ring Road ကို အသုံးပြုသွားလာမည့် မော်တော်ယာဉ်များထံမှ လမ်းဖြတ်သန်းခကောက်ခံ၍ အကျိုးအမြတ်ရရှိရန် စီမံဆောင်ရွက်သွားမည့် စနစ်ဖြစ်ကြောင်း သိရသည်။
အတွင်းပတ်လမ်းစီမံကိန်း၏ လမ်းကြောင်းကို ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းမှ စတင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အောက်ပုဇွန်တောင်လမ်း၊ ကြက်ဘဲစျေးကို ဖြတ်၍ သံသုမာလမ်းအတိုင်း တက်မည်ဖြစ်ပြီး မြောက်ဥက္ကလာလမ်းအတိုင်း ဆက်သွားမည်ဖြစ်ကာ ယင်းမှ မင်္ဂလာဒုံစက်မှုဇုန်၊ ခရေပင်လမ်းအတိုင်းဖြတ်ချိုး၍ ဘုရင့်နောင်လမ်းအတိုင်း ဆက်သွားပြီး ကွန်ကရစ်လမ်းအစကို ပြန်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင်း မြန်နှုန်းမြင့် ရထားစနစ် (YUMRT) အကောင် အထည်ဖော်နိုင်ရေးအတွက် မြန်မာ - ဂျပန် နှစ်နိုင်ငံ ပူးပေါင်းပါဝင်သည့် လေးကြိမ်မြောက် အစည်းအဝေးကို ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ် ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်နှုန်းမြင့် ရထားစနစ်ကို ရန်ကုန်မြို့ရှိ ဘူတာကြီး-မင်္ဂလာဒုံလေဆိပ်နှင့် လှိုင်သာယာ-တိုးကြောင်ကလေး လမ်းပိုင်းနှစ်ခုတွင် စတင်အကောင်အထည်ဖော်နိုင်ရန် ပြုလုပ်နေသည့် အသေးစိတ်လေ့လာမှုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသည့် မြန်နှုန်းမြင့် ရထားစနစ်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ယင်းလမ်းပိုင်းများ အသေးစိတ်လေ့ လာမှုများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်နေပြီး ယခုနှစ်ကုန်တွင် အပြီးသတ် အစီရင်ခံစာ ထွက်ရှိမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
