Top News

တရားစွဲဆိုထားသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည့် အဆိုတော်အစ္စဏီအမှု မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ပြီးဆုံးစေချင်သည်ဟု အစ္စဏီ၏ရှေ့နေပြောကြား
24htopnews | December 4, 2024 7:12 AM CST

အဆိုတော်အစ္စဏီကို တာမွေမြို့နယ်တရားရုံး၌ ဧပြီ ၁၀ ရက်တွင် ရုံးထုတ်ခဲ့ပြီး တိုင်းတရားလွှတ်တော်မှ အမှုတွဲပြန်မရောက်သေးသဖြင့် အမှုကို မစစ်ဆေးဖြစ်ကြောင်း သိရသည်။

“ဒီနေ့အခြေအနေအရ တိုင်းရုံးကနေ မူလရုံးအမှုတွဲ ပြန်မရောက်သေးဘူး။ မရောက်သေးတော့ ရုံးချိန်း ချိန်းဆိုတဲ့ဟာပဲရှိပါတယ်။အမှုကတော့ တစ်ဖက်က တရားလိုဘက်ကနေပြီးကာမှ ရုံးပြောင်း လျှောက်ထားတာရယ်၊ သက်သေခံပယ်ဖို့အတွက်ရယ် လျှောက်ထားတယ်။ အဲဒီလိုလျှောက်တဲ့နေရာမှာ တိုင်းတရားရုံးကနေကိုပြန်ပြီးကာမှ၊ ခရိုင်ရုံးရဲ့ အမိန့်ကို အတည်ပြုပြီးကာမှ ရုံးပြောင်းပေးဖို့ရယ် ပယ်ခဲ့တယ်။ သက်သေခံကိုလည်း ဆက်လက်လက်ခံခဲ့တယ်။ အဲဒီအပေါ်မူတည်ပြီးကာမှ အမှုကို ဒီမူလအမှုတွဲကို တရားရုံး ကိုပြန်ရောက်ရင်တော့ အမှုဆက်စစ်မှာပါ။ အမှန်တရားတစ်ခုကို အစ်ကိုတို့လည်း ဖော်ထုတ်ဖို့အတွက်ကို မြန်မြန်လေးနဲ့ မှန်မှန်လေး ဆောင်ရွက်အောင်ကူညီဆောင်ရွက်နေပါတယ်။ ဒါပေမယ်လို့တော့ အဲဒီတိုင်းတရားရုံးတွေတွေရော ကျန်တဲ့ရုံးတော်တွေကရော ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ အားလုံးပဲ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်လေး ပြီးသွားစေချင်ပါတယ်။ အားလုံးကလည်း ဒီရလဒ်ကိုပဲ မျှော်လင့်နေ ကြတာပါ” ဟု အဆိုတော် အစ္စဏီ၏ရှေ့နေ ဦးကျော်ဇင်ဦး (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

အဆိုတော်အစ္စဏီအမှုကို တာမွေမြို့နယ် တရားရုံးတွင်သာ ဆက်လက်စစ်ဆေးရန် မတ် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသည့် အဆိုပါအမှုမှာ မြို့နယ်တရားရုံးတွင် မှုခင်း ဆရာဝန်တစ်ဦးသာစစ်ဆေးမှု ပြီးဆုံးသေးပြီး တရားလို မော်ဒယ်စူးရှထက် ကိုစစ်ဆေးမှုမှာ ယနေ့အချိန်အထိ ပြီးဆုံး ခြင်း မရှိသေးကြောင်း အမှုရုံးချိန်းမှတ်တမ်းများအရ သိရသည်။

အဆိုတော် အစ္စဏီကို ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ ဖြင့် ၂၀၁၈ ခုနှစ် မေ ၁၀ ရက်က တရားစွဲဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK