သင်္ကြန်ကာလအတွင်း YBS မြောက်ဒဂုံယာဉ်လိုင်းဌာန (ခွဲ) မှ (၈၇) ယာဉ်တစ်လိုင်းသာ ပြေးဆွဲမည်ဖြစ်ပြီး ကျန်ယာဉ်လိုင်း ဖြစ်သည့် (၆၂) နှင့် (၈၈) ယာဉ်လိုင်းများ ပြေးဆွဲမှုကို ရပ်နားထားမည်ဖြစ်ကြောင်း YBPC Co.,Ltd မြောက်ဒဂုံဌာနခွဲက ထုတ်ပြန်ကြေညာခဲ့သည်။
သင်္ကြန်ရက်များအတွင်း ဧပြီ ၁၃ ရက် (အကြိုနေ့) မှ ဧပြီ ၁၆ ရက် (အတက်နေ့) ကာလအတွင်း YBS (၈၇) (ဒဂုံတက္ကသိုလ် -ဆူးလေ ခရီးစဉ်) ကို ယာဉ်စီးရေ ၂၀ နှင့် အ ရန်ငါးစီးဖြင့် နံနက် ၆ နာရီမှစ၍ ပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြောက်ဒဂုံမှ ဆူးလေအထိတစ်ကြောင်း၊ မဟာမြိုင်လမ်းကြောင်း တစ်စီးစီသွားမည်ဖြစ်ပြီး ဆူးလေဘုရားအဝိုင်း မြို့တော်ခန်းမရှေ့တွင် မြို့တော်ဝန် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ရှိခြင်းကြောင့် မြို့တော်ခန်းမဘေး ကားမှတ်တိုင်တွင် ရပ်နားမည်မဟုတ်ပေ။ ယောက်လမ်းမှတ်တိုင်မှအထွက် ဗိုလ်ချုပ်လမ်းမီးပွိုင့်တွင် ကွေ့လျက် (၈၇) ဂိတ်ရင်းမှ မှတ်တိုင်သို့ တိုက်ရိုက်ဂိတ်ထိုးမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း လမ်းပိတ်၊ လမ်းလွှဲများရှိနေနိုင်သဖြင့် အခြေအနေ အမျိုးမျိုးကြောင့် လမ်းကြောင်းလွှဲသွားရသည်များ ရှိနိုင်သဖြင့် ကြိုတင်မေတ္တာရပ်ခံထားကြောင်း သိရသည်။
YBS (၈၇) အနေဖြင့် မဟာသင်္ကြန်ကာလအတွင်း ပုံမှန်ယာဉ်စီးခသာ ကောက်ခံမည်ဖြစ်ပြီး YBS (၆၂) (ဒဂုံတက္ကသိုလ်- ကြည့်မြင်တိုင်ခရီးစဉ်)၊ YBS (၈၈) (ဒဂုံတက္ကသိုလ် -တညင်းကုန်းခရီးစဉ်) များကို ပြေးဆွဲမှုရပ် နားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနှစ်ဆန်း တစ်ရက်နေ့မှစ၍ YBS ၆၂၊ ၈၇၊ ၈၈ ယာဉ်လိုင်းသုံးခုစလုံး မူလအစီအစဉ်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း YBPC Co.,Ltd မြောက်ဒဂုံဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
