နစကဥက္ကဋ္ဌ၏ရုပ်ပုံကို ဖိနပ်တွင်ကပ်၍ ဆဲဆိုနေသော ဗီဒီယိုဖိုင် Tiktok တွင် တင်ခဲ့သည့် Grade-9 ကျောင်းသားအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
Tiktok ပေါ်တွင် ပျံ့နှံ့လာသည့်ကျောင်း သားများ စာသင်ခန်းအတွင်း ရိုက်ကူးထား သည့် နိုင်ငံတော်အကြီးအကဲကို ဆဲဆိုထားသော ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ အဆိုပါကျောင်းသားအား အရေးယူထားခြင်း ရှိ မရှိ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားရာတွင် ပညာရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားထားခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ နယ်၊အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ Grade – 9 တွင် တက်ရောက်နေ သည့် မောင်ထူးမြတ်အောင်သည် John Tiktok အကောင့် ဖြင့် နိုင်ငံတော်အကြီးအကဲ၏ဓာတ်ပုံအား ဖော့ဖိနပ်အောက်တွင် ကပ်၍ စော်ကားပြောဆိုထားသည့် video အား Tiktok Account တွင် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က ၎င်းင်းပညာသင် ကြားလျက်ရှိသော ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade-9 စာသင်ခန်းမတွင် ရိုက်ကူးခဲ့ခြင်းဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။
အထက်ပါ video အား ယင်းနေ့ ည ၈ နာရီခန့်တွင် တင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ သဖြင့် လှော်ကားနယ်မြေရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်၍ နိုင်ငံတော်အစိုးရကို ဖြစ် စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်နိုင်လောက်သော ပြစ်မှုကို နိုင်ငံ့ဝန် ထမ်းပြည်သူအများ ကျူးလွန်လာစေရန်နှင့်အများပြည်သူအား ကြောက်ရွံ့ခြင်း၊ ထိတ်လန့် ခြင်းများဖြစ်ပွားစေရန် ဆောင်ရွက်ခြင်း ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြား ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
