ဖီအိုရင်တီးနား-အင်တာမီလန် စီးရီးအေပွဲစဉ်တွင် ကွင်းအတွင်းလဲကျခဲ့သည့် ကွင်းလယ်လူ ဘော်ဗီမှာ သတိပြန်ရလာပြီး စကားပြောနိုင်ပြီဖြစ်ကြောင်း ဖီအိုရင်တီးနား အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။
စီးရီးအေ ပွဲစဉ် (၁၄) အဖြစ် ဒီဇင်ဘာ ၁ ရက်က ယှဉ်ပြိုင်ကစားသည့် ယင်းပွဲတွင် ဘော်ဗီမှာ ကွင်းအတွင်း ရုတ်တရက်လဲကျသွားခြင်းဖြစ်သည်။ VAR စစ်ဆေးမှုပြုလုပ် သဖြင့် ပွဲခေတ္တရပ်နားထားစဉ် ဘော်ဗီသည် မည်သူနှင့်မျှ ထိခိုက်မိခြင်းမရှိဘဲ လဲကျသွား ခြင်းဖြစ်ပြီး ထမ်းစင်ဖြင့်သယ်ထုတ်၍ ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရသည်။
ယင်းဖြစ်ရပ်ကြောင့် ပွဲကို ပထမပိုင်း ၁၆ မိနစ်မှာပင် ရပ် ဆိုင်းခဲ့ရပြီး ဘော်ဗီအနေဖြင့် အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရသည်။ "သူက လက်ရှိအချိန်မှာ နိုးနေပြီး သတိရှိသလို အာရုံစူးစိုက်မှုလည်း ရှိပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေ၊ အသင်းရဲ့ စီမံခန့်ခွဲမှုအဖွဲ့၊ နည်းပြနဲ့ အသင်းဖော်တွေကိုလည်း စကားပြောနိုင်ပါပြီ။ သူတို့အားလုံးက သတင်းကောင်းကြားရတာနဲ့ ချက်ချင်းအရောက်သွားပြီး သူ့ကိုသွားတွေ့ခဲ့ကြတာပါ။ ဖြစ်ခဲ့တဲ့ အခြေအနေကနေ စိုးရိမ်ရတဲ့အကြောင်းရင်းတွေကို ဖော်ထုတ်နိုင်ဖို့ လာမယ့်ရက်ပိုင်း အတွင်းမှာ နောက်ထပ်စစ်ဆေးမှုတွေလုပ်ဆောင်သွားမှာပါ" ဟု ဖီအိုရင်တီးနားအသင်းက ထုတ်ပြန်ခဲ့သည်။
အသက် ၂၂ နှစ်သာရှိသေးသူ ဘော်ဗီသည် အီတလီ ယူ-၂၁ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သည်။ ၎င်းသည် ရိုးမားအသင်း၏အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ယခုနွေ ရာသီတွင် ဖီအိုရင်တီးနားအသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
