မန်စီးတီးအသင်း၏ နောက်ခံလူ ဝေါ်လ်ကာက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဟု လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်များကို ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် (၁၁)မှတ်ကွာဟသွားပြီဖြစ်သော်လည်း ၎င်းက "ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က မျှော်မှန်းထားတဲ့အဆင့်မှာ ရှိမနေဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ချန်ပီယံဆုတွေကို ရာသီနောက်ဆုံးပွဲစဉ်တွေမှာ အနိုင်ကစားပြီး ရယူခဲ့ဖူးပါတယ်။ ဒီလိုမျိုး ကျွန်တော်တို့ ပြန်လုပ်ပြမှာပါ။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးပါတယ်"ဟု Instagram တွင် ရေးသားခဲ့သည်။
ဝေါ်လ်ကာသည် မန်စီးတီးအသင်းအတွက် (၈)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၁၂)ပွဲအထိ ကစားခွင့်ရရှိထားသည့် ၀ါရင့်ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားပေါင်း (၁၇)ခုအထိ ရယူနိုင်ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
