လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာက မိမိခေါင်းထဲတွင် စာချုပ်ကိစ္စရှိနေပြီး ယခုပွဲမှာ မန်စီးတီးနှင့် အန်ဖီးလ်ကွင်းတွင် နောက်ဆုံးကစားရသည့်ပွဲ ဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဒီဇင်ဘာ (၁)ရက်က အန်ဖီးလ်ကွင်း၌ ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းအား (၂-ဝ) ဂိုးဖြင့် အနိုင်ရပြီးနောက် ဆာလာက ယခုလို ပြောကြား ခြင်းဖြစ်သည်။
ဆာလာသည် ယင်းပွဲတွင် ဂက်ပို သွင်းယူသည့်အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို (၇၈)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဒုတိယဂိုးကို သွင်းယူခဲ့သည်။ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု တစ်ပြိုင်တည်း ပြုလုပ်နိုင်ခြင်းမှာ (၃၆)ပွဲ မြောက်ဖြစ်ပြီး မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီ၏စံချိန်နှင့် တူညီသွားပြီဖြစ်သည်။
ယင်းပွဲအပြီး Sky Sports သတင်းဌာနနှင့် တွေ့ဆုံစဉ် ဆာလာက "ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီကိစ္စ (စာချုပ်သစ်ဆွေးနွေးမှု) က ကျွန်တော့်ခေါင်းထဲမှာ ရှိနေပါတယ်။ အခုချိန်အထိတော့ ဒါက လီဗာပူးလ်အတွက် စီးတီးနဲ့ နောက်ဆုံးကစားရတဲ့ပွဲဖြစ်လို့ ပျော်ရွှင်ဖို့ပဲလိုပါတယ်။ ကွင်းထဲကအခြေအနေကလည်း မယုံနိုင်လောက်အောင် အရမ်းကောင်းတာမို့ ဒီမှာရှိနေရတဲ့စက္ကန့်တိုင်းကို ကျွန်တော် ပျော်ရွှင်နေမှာပါ။ ကျွန်တော်တို့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့" ဟု ပြောကြားခဲ့သည်။
မိုဆာလာသည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည့် ဆောက်သမ်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲအပြီးတွင်လည်း စာချုပ်သစ်ကိစ္စနှင့်ပတ်သက်သည့် ပြောဆိုမှုများပြုလုပ်ခဲ့ပြီး "ကျွန်တော်က အသင်းမှာ ဆက်နေဖို့ထက် ထွက်သွားဖြစ်ဖို့ များပါတယ်။ အခုအချိန်အထိ လီဗာပူးလ်အသင်း တာဝန်ရှိသူတွေဘက်က ခိုင်မာတဲ့ ကမ်းလှမ်းမှုတစ်ခုမှ မလုပ်သေးတာကိုလည်း အံ့သြမိပါတယ်"ဟု ပြောခဲ့ဖူးသည်။
မိုဆာလာ ပြောဆိုအပြီးတွင် ပရိသတ်များသည် လီဗာပူးလ်အသင်း၏ ယင်းကဲ့သို့ နှောင့်နှေးမှုအပေါ် ဝေဖန်ပြစ်တင်မှုများကို ဆိုရှယ်မီဒီယာများတွင် ပြုလုပ်ခဲ့ကြသည်။
"အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တာ တစ်ချက်တည်းကြောင့်မဟုတ်ဘဲ လက်ရှိဘောလုံးကမ္ဘာမှာ မိုဆာလာလို ကစားသမား ဘယ်နှဦးများရှိလို့လဲ။ ဘာကြောင့် စာချုပ်ချုပ်ဖို့ တွေဝေနေသလဲဆိုတာ စဉ်းစားလို့မရဘူး"ဟု ပရိသတ်တစ်ဦးက ဝေဖန်ခဲ့သလို၊ အခြားဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးကလည်း "မိုဆာလာသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားခဲ့ရင် နစ်နာမှာက လီဗာပူးလ်အသင်းပဲ"ဟု ဆိုခဲ့သည်။
သုံးသပ်သူများကမူ မိုဆာလာသည် စာချုပ်သစ်ကိစ္စအတွက် ပရိသတ်များကို ကျွမ်းကျင်စွာအသုံးပြုကာ လီဗာပူးလ်ကို ဖိအားထပ်ပေးခြင်းဖြစ်သည်ဟု ဆိုနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
