၂၀၂၄ ခုနှစ်အတွက် ရွေးချယ်မည့် FIFPro World XI အတွက် ဆန်ခါတင်စာရင်းတွင် ပရီးမီးယားလိဂ်မှ ကစားသမား(၁၁)ဦးအထိ ပါဝင်ကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
FIFPro World XI ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အကောင်းဆုံးဆု The Best ချီးမြှင့်သည့် အခမ်းအနားတွင် ရွေးချယ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ ဆန်ခါတင်ကစားသမား (၂၆)ဦးစာရင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
FIFPro World XI အတွက် နိုင်ငံပေါင်း(၇၀)ကျော်မှ ပရော်ဖက်ရှင်နယ် ဘောလုံးသမား(၂၈၀၀၀)ကျော်၏ ပြီးခဲ့သည့်ရာသီအတွင်း ပြသခဲ့သည့်စွမ်းဆောင်ရည်အပေါ် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ၏ ဆန္ဒမဲဖြင့်ပင် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရွေးချယ်မည့် အကောင်းဆုံး(၁၁)ဦးစာရင်းတွင် ဂိုးသမားတစ်ဦး၊ နောက်တန်း(၃)ဦး၊ ကွင်းလယ်(၃)ဦး၊ ရှေ့တန်း(၃) ဦးပါဝင်မည်ဖြစ်ပြီး နောက်ဆုံးတစ်ဦးမှာ ဂိုးသမားမှလွဲ၍ အခြားနေရာများမှ ကစားသမားများအနက် ဆန္ဒမဲအများဆုံးရရှိသည့်ကစားသမား ဖြစ်မည်ဟု သိရသည်။
ဆန်ခါတင်(၂၆)ဦးစာရင်းတွင် ပရီးမီးယားလိဂ်မှ ကစားသမား(၁၁)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ကလပ်အသင်းအနေဖြင့်မူ ရီးယဲလ်အသင်းက (၈)ဦး ဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
FIFPro World XI ဆန်ခါတင်စာရင်း
ဂိုး - အီဒါဆန်၊ မာတီနက်ဇ်၊ နော်ယာ၊ နောက် - ကာဗာဟယ်လ်၊ ဒီယက်စ်၊ ဗန်ဒိုက်၊ ဖရင်ပေါင်၊ ရူဒီဂါ၊ ဆာလီဘာ၊ ဝေါ်လ်ကာ၊ လယ် - ဘယ်လင်ဂမ်၊ ဒီဘရိုင်းနား၊ ဖိုဒန်၊ တိုနီကရို့စ်၊ မိုဒရစ်၊ မူဆီယာလာ၊ ရိုဒရီ၊ ဗယ်လ်ဗာဒီ၊ ရှေ့ - ဟာလန်း၊ ဟာရီကိန်း၊ ဘာပေ၊ မက်ဆီ၊ ပါလ်မာ၊ စီရော်နယ်လ်ဒို၊ ဗင်နီစီယပ်စ်၊ ယမားလ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
