ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ ခုနစ်ဦးအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ၌ တရားမဝင်ရွှေတူးဖော် လုပ်ကိုင်မှုများကြောင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေ ဆုံးရှုံးရခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်စေကာ ၎င်းဒေသအနီး ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ရေကြီး ရေလျှံခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များအား ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် ည ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတောင်ကုန်းအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသော ပျော်ဘွယ်မြို့နယ်၊ ကြူတောဝကျေးရွာနေ ဦးဇော်နှင့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာနေသူများဖြစ်ကြသည့် လွင်ကိုနိုင်၊ ကျော်သက်ပိုင်၊ ဦးမောင်၊ နိုင်ကောင်းထက်တို့ ငါးဦးအား တရားမဝင်ရွှေတူး ဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ သပြေပင်ကျေးရွာနေ တင်လင်း၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ တင်လင်းအား တွေ့ရှိခြင်းမရှိဘဲ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်သူများဖြစ်ကြသည့် အဆိုပါကျေးရွာနေ ဝင်းစိုးနှင့် ညောင်အိုင်ကျေးရွာနေ အောင်စိုးဦးတို့ နှစ်ဦးအား နေအိမ်ခြံဝင်းအတွင်းမှ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၃၅ ပိုင်း၊ သဲစာ အိတ်ပိုင်း ၂၀ ပိုင်း၊ ဗြုန်းကျောက်များကြိတ်ရာတွင် အသုံးပြုသည့် ရိုက်ပြား ၅ ပြားနှင့် ဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ ည ၆ နာရီခွဲတွင် မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုး တောင်ကုန်းအနီးဝန်းကျင်သို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား တွေ့ရှိရခြင်းမရှိဘဲ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၁၅ ဝိုင်း၊ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုလာပြား တစ်ချပ်၊ ဘတ္ထရီအိုး တစ်လုံး၊ လက်ဆွဲ မီးစက် တစ်လုံး၊ ဒီဇယ်အင်ဂျင် တစ်လုံး၊ ဒိုင်နမို တစ်လုံး၊ လက်တွန်းလှည်း တစ်စီး၊ SHAYAN-125 ဆိုင်ကယ် တစ်စီးပါ ဆိုင်ကယ်မျိုးစုံ ၁၃ စီးအားလည်းကောင်း အသီးသီးတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ပါ ၇ ဦး၊ ဖမ်းဆီးရန်ကျန် တင်လင်းနှင့် တရားခံ(စိစစ်ဆဲ)များအား ရမည်းသင်း မြို့မရဲစခန်း၌ မြန်မာ့သတ္ထုတွင်းဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုများအသီးသီးရေးဖွင့်ကာ တရားဥပဒေ နှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များအနေဖြင့် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ နိုင်ငံတော်ပိုင် ရွှေသတ္တုတူးဖော်ရေးလုပ်ကွက်များအတွင်း ဝင်ရောက်၍ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေ ဆုံးရှုံးရခြင်းများမဖြစ်ပေါ်စေရေးနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
