ဗယ်လ်ဗာဗာဒီရဲ့ငယ်ဘဝဟာ သိပ်ပြီးဆင်းရဲခဲ့တယ်။ ခက်ခဲပင်ပန်းမှုတွေအပြည့်နဲ့ပေါ့။ ဒါပေမဲ့ ကျွန်တော် ငယ်ငယ်က သိပ်ဆင်းရဲခဲ့တာဆိုတဲ့ အသုံးအနှုန်းမျိုး သူ သိပ်မသုံးချင်ခဲ့ဘူး။ ကျွန်တော့် အမေနဲ့အဖေ နှစ်ယောက်စလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာလေဆိုတာမျိုးပဲ ပြောချင်တယ်။ ဗယ်လ်ဗာဒီရဲ့အဖေက ကာစီနိုရုံတွေမှာ လုံခြုံရေး အစောင့်လုပ်ခဲ့ရတယ်။ အမေက အဝတ်အစား အသုံးအဆောင်တွေ၊ ကလေးကစားစရာတွေကို တွန်းလှည်းကြီးနဲ့လိုက်ရောင်းတယ်။ တွန်းလှည်းကြီးဟာ ယောကျာ်းသားတစ်ယောက်အတွက်တောင် သိပ်ပြီး မလွယ်လှဘူး။ ဒါပေမဲ့ သေးသေးသွယ်သွယ်၊ ပိန်ပိန်ပါးပါးနဲ့ ဗယ်လ်ဗာဒီရဲ့အမေဟာ ဘယ်လို ရာသီဥတုမျိုးမှာမဆို တွန်းလှည်းကြီးတွန်းပြီး စျေးရောင်းထွက်ရပါတယ်။ ဗယ်လ်ဗာဒီက သူ့အမေ တွန်းတဲ့လှည်းပေါ် ဇိမ်နဲ့လိုက်စီးတတ်ပါတယ်။ လမ်းတစ်လျှောက်မြင်ရတဲ့ မြင်ကွင်းတွေကြည့်ရင်း သာယာနေလိုက်တာ၊ သူ့အမေဘယ်လောက်ပင်ပန်းနေလဲ မသိတတ်ခဲ့ဘူး။ တစ်နေကုန် စိတ်ပင်ပန်း၊ လူပင်ပန်းစွာ စျေးရောင်းပြီးနောက်၊ ပစ္စည်းတွေ ပြန်သိမ်းအိမ်ပြန်ရတာလည်း နေ့စဉ်လူမှုဒုက္ခပါပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
