ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်လေးပွဲတွင် ရမှတ်လေးမှတ်သာ ရယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာအတွက်ပင် စိုးရိမ်လာပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် တန်းဆင်းဇုန်အတွင်းမှ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက် ရမှတ် ၆၆ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရှိနေဆဲဖြစ်သော်လည်း ယခင်က အမှတ်ဖြတ်ထားသည့် ပြိုင်ဘက်အသင်းများနှင့် ရမှတ်ကွာဟမှု ပိုမိုကျဉ်းမြောင်းသွားပြီဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်၊ စပါးအသင်းတို့နှင့်အတူ ၃၄ ပွဲစီကစားပြီးချိန်တွင် အာဆင်နယ်အသင်းထက် သုံးမှတ်သာ အသာရတော့ပြီး အဆင့် ၅ နေရာမှ စပါးအသင်းနှင့်မူ ငါးမှတ်ကွာဟနေသေးသည်။
ထို့ပြင် လာမည့်ပွဲစဉ်တွင် အမှားထပ်မံကျူးလွန်ပါက ရာသီလက်ကျန်သုံးပွဲတွင် ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်နှစ်နေရာအတွက် အသင်းသုံးသင်းအပြိုင်လုရမည့်အနေအထား ရောက်သွားနိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်သွားနိုင်သည့် အခြေအနေကို တူဟယ်လ်က စိုးရိမ်နေခြင်းဖြစ်သည်။
''ထိပ်ဆုံးလေးသင်းထဲဝင်ဖို့အတွက်တောင် ကျွန်တော် စိုးရိမ်လာတာ အမှန်ပေါ့။ အဲဗာတန်နဲ့ ပွဲရလဒ်အတွက်လည်း ကျွန်တော် အရမ်းစိတ်ပျက်မိပါ တယ်။ ကျွန်တော်တို့အသင်းဟာ Clean Sheetတွေရအောင် မယူနိုင်တဲ့အတွက် အဲဗာတန်အသင်းရဲ့ကွင်းမှာ အခက်အခဲတွေ့နိုင်တယ်ဆိုတာလည်း ကြိုသိခဲ့ပါတယ်။ ကျွန်တော်က ဘယ်တော့မှ စိတ်လွတ်ကိုယ်လွတ်ပျော်တတ်တဲ့လူစားမျိုး မဟုတ်ပါဘူး။ အခုလည်း လက်ကျန်လေးပွဲမှာ ၃၊ ၄ မှတ်လောက်သာတယ်ဆိုတာ ပျော်စရာအခြေအနေမျိုး မဟုတ်ပါဘူး။ ဒါဟာ မလုံလောက်ပါဘူး။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းထဲကို ဝင်ပါခဲ့မိပါပြီ။ တစ်ဦးချင်းအမှားတွေအတွက် ကျွန်တော် ဘာလုပ်နိုင်မှာလဲ။ ကျွန်တော်တို့အသင်း ဘာကြောင့်ရလဒ်ကောင်းတွေ မရသလဲဆိုရင် တစ်ဦးချင်းအမှားတွေ မကြာခဏကျူးလွန်နေခြင်းက အဖြေပါပဲ။ ကျွန်တော့်ဘက်က တာဝန်ခံနိုင်တာကတော့ ဒီလိုအမှားတွေ ဆက် မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရတာဖြစ်ပြီး ကွင်းထဲမှာ တစ်ဦးချင်းအမှားတွေကို ဆက်ကျူးလွန်နေရင်တော့ ကျွန်တော်လည်း မတတ်နိုင်ပါဘူး။ ကစားသမားတွေဟာ ဖိအားများတဲ့အခြေအနေမှာ စိတ်ခံစားမှုကို တည်ငြိမ်အောင်မလုပ်နိုင်ဘူးဆိုရင် အဲဗာတန်အသင်းနဲ့ပွဲလို ပရိသတ်တွေရဲ့ဖိအားပေးမှုအောက်မှာ ရုန်းကန်ရနိုင်ပါတယ်။ ကျွန်တော်တို့ အမြင့်ဆုံးအခြေအနေမှာ ရှိမနေပါဘူး။ လက်ရှိအခြေအနေကို ပြောင်းလဲဖို့လိုပါတယ်''ဟု တူဟယ်လ်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
