မန်ယူအသင်း၏ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် လာမည့်ရာသီ၌ အသင်းနည်းပြသစ် ဖြစ်လာမည့် အဲရစ်တန်ဟက်ဂ်နှင့် စကားပြောခဲ့ပြီးနောက် မန်ယူအသင်းတွင် ပုံစံသစ်နှင့် ပြန်လည်စတင်ရန် မစောင့်နိုင်အောင်ဖြစ်နေကြောင်း သိရှိရသည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး အသင်း၏အနာဂတ်အဖြစ် သုံးသပ်ခံခဲ့ရသော်လည်း လက်ရှိနည်းပြ ရန်းနစ်လက်ထက်တွင်မူ ပုံမှန်ကစားခွင့် ပျောက်ဆုံးလျက်ရှိပြီး အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
သို့ရာတွင် မန်ယူအသင်းနည်းပြသစ်ဖြစ်လာမည့် တန်ဟက်ဂ်ကမူ ရပ်ရှ်ဖို့ဒ်ထံ ဆက်သွယ်ခဲ့ပြီး သူ၏ အနာဂတ်စီမံကိန်းများကို ရှင်းပြခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း၏ အနာဂတ်စီမံကိန်းများတွင် ပါဝင်နေသေးသည်ဟု တန်ဟက်ဂ်က ရှင်းပြခဲ့ပြီး အသင်းမှ ထွက်ခွာရန် မစဉ်းစားသင့်ဟုလည်း ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ယင်းအတွက် ရပ်ရှ်ဖို့ဒ်သည် တန်ဟက်ဂ်နှင့်အတူ စိတ်ဓာတ်သစ်၊ ပုံစံသစ်နှင့် ပြန်လည်စတင်ရန် မစောင့်နိုင်တော့ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
