UEFA သည် လာမည့်ရာသီ ဥရောပပြိုင်ပွဲအားလုံး၌ ရုရှားကလပ်အသင်းများအား ယှဉ်ပြိုင်ခွင့်မပြုကြောင်းနှင့် ယူရိုအိမ်ရှင်လျှောက်ထားမှုများကိုလည်း ပယ်ဖျက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား ကျူးကျော်စစ် ဆင်နွှဲနေခြင်းကြောင့် UEFA က ယခုကဲ့သို့ ပိတ်ပင်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့်ဇူလိုင်လအတွင်း အင်္ဂလန်နိုင်ငံတွင် ကျင်းပမည့် အမျိုးသမီးယူရိုပြိုင်ပွဲမှလည်း ရုရှားအမျိုးသမီးအသင်းကို ထုတ်ပယ်ခဲ့သည်။
ရုရှားအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲတွင် မူလက ခြေစစ်ပွဲ Play-off အဆင့်မှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော်လည်း ယခုအခါ အဆိုပါ Play-off တွင် ၎င်းတို့အား ရှုံးနိမ့်ခဲ့သည့် ပေါ်တူဂီအမျိုးသမီးအသင်းကို UEFA က အစားထိုးယှဉ်ပြိုင်စေခဲ့သည်။
UEFA က ရုရှားလက်ရွေးစင်အမျိုးသားအသင်းအနေဖြင့် ဇွန်လ၌ စတင်မည့် Nations League ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် League B သို့ တန်းဆင်းရမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
ထို့ပြင် လာမည့်ရာသီတွင် UEFA မှ ကျင်းပမည့် ကလပ်အသင်းပြိုင်ပွဲများဖြစ်သော ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်လိဂ်၊ အမျိုးသမီးချန်ပီယံလိဂ်နှင့် လူငယ်လိဂ် ပြိုင်ပွဲများအားလုံးတွင်လည်း မည်သည့်ရုရှားကလပ်အသင်းမျှ ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ဟု အတည်ပြုခဲ့သည်။
ထို့ပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၃ ဥရောပယူ-၂၁ ပြိုင်ပွဲများအတွက် ခြေစစ်ပွဲများတွင်လည်း ရုရှားအသင်းများ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
UEFA ၏ ယခုဆုံးဖြတ်ချက်များအရ ရုရှားဘောလုံးလောကအနေဖြင့် ထိခိုက်နစ်နာမှုများစွာ ရှိလာခဲ့သည့်အပြင် ရုရှားနိုင်ငံအနေဖြင့် ယူရို-၂၀၂၈ နှင့် ယူရို-၂၀၃၂ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လျှောက်ထားမှုများလည်း ပယ်ဖျက်ခံခဲ့ရသည်။
ရုရှားနိုင်ငံသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပထားသောကြောင့် ယူရိုပြိုင်ပွဲများ ကျင်းပနိုင်ရန်လည်း အလားအလာကောင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
