ဘာစီလိုနာအသင်း အားကစားဒါရိုက်တာဖြစ်သူ မာတီအူအလီမာနီက ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေခြင်း မရှိကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ပိုလန် လက်ရွေးစင်တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် ဘိုင်ယန်မြူးနစ်အသင်း၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး ၂၀၂၃ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။ လီဝန်ဒေါစကီးက ၎င်း၏အနာဂတ်အတွက် ဘိုင် ယန်မြူးနစ်နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သောကြောင့် နွေရာသီတွင် လမ်းခွဲနိုင်သည့်သတင်းများ ထွက်ပေါ်လျက်ရှိပြီး ဘာစီလိုနာအသင်းက ခေါ်ယူရန် ရေပန်းအစားဆုံးတွင် ပါဝင်နေသည်။
သို့သော် ယင်းသတင်းများနှင့်ပတ်သက်၍ အားကစားဒါရိုက်တာဖြစ်သူ အလီမာနီက "ကျွန်တော်တို့ ဆွေးနွေးမှုတွေအကြောင်း ပြောဆိုနေတာမရှိသလို စေ့စပ်ညှိနှိုင်းရတာတွေလည်း မလုပ်ပါဘူး။ ကျွန်တော်ပြောနိုင်တာတစ်ခုက အဲဒီဆွေးနွေးမှု (အေးဂျင့် ဂျော့ချ်မန်ဒက်စ် သို့မဟုတ် လီဝန်ဒေါစကီးနှင့်) မလုပ်ဖြစ်ခဲ့ပါဘူး။ စာချုပ်ရှိနေသေးတဲ့ ကစားသမားတွေအကြောင်းကို ကျွန်တော်တို့ မပြောချင်ပါဘူး။ စိတ်ဝင်စားတဲ့ ဘယ်ကစားသမားအတွက်မဆို အသင်းနဲ့ပဲ တိုက်ရိုက်ဆွေးနွေးသွားမှာပါ" ဟု AS သတင်း ဌာနသို့ ပြောကြားခဲ့သည်။
လီဝန်ဒေါစကီးသည် ကမ္ဘာ့အကောင်းဆုံးကစားသမား FIFA The Best ဆုကို ၂၀၂၀၊ ၂၀၂၁ နှစ်နှစ်ဆက် ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
