မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၆ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဦးအောင် ဇော်မျိုးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
MFFနည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၆ အမျိုးသားအသင်းနည်းပြချုပ်နေရာ အတွက် ပြည်တွင်းနည်းပြဆရာများကို လျှောက်လွှာများ ခေါ်ယူခဲ့ပြီး လျှောက်ထား သူများအနက် ဦးအောင်ဇော်မျိုးကို ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ "ယူ-၁၆ အမျိုးသားအသင်း
နည်းပြချုပ်နေရာအတွက် လာရောက်လျှောက် ထားသူ ကိုးဦးလောက်ရှိပါတယ်။ အဲဒီအထဲ က ရွေးချယ်ခဲ့တာဖြစ်ပြီး နည်းပြသစ်ခန့်အပ် တာကို နည်းစနစ်ကော်မတီကပဲ လုပ်ဆောင် တာဖြစ်ပါတယ်"ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဦးအောင်ဇော်မျိုးသည် လူငယ်လက် ရွေးစင် ဘောလုံးသမားဟောင်းတစ်ဦးဖြစ် ပြီး ကစားသမားဘဝမှ အနားယူပြီးနောက်ပိုင်း နည်းပြလောကသို့ ကူးပြောင်းခဲ့ခြင်းဖြစ် သည်။ ဦးအောင်ဇော်မျိုးသည် MNL ကလပ်များဖြစ်သည့် ရခိုင်ယူနိုက်တက်အသင်းနှင့်
မကွေးအသင်းတို့တွင် နည်းပြချုပ်အဖြစ် တာ ဝန်ယူကိုင်တွယ်ဖူးပြီး လူငယ်လက်ရွေးစင် အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့် ရခြင်းဖြစ်သည်။
မြန်မာ ယူ-၁၆ အမျိုးသား အသင်းသည် ၂၀၁၉ ခုနှစ်ကတည်းက နည်း ပြအပြောင်းအလဲ အများဆုံးဖြစ်ပေါ်ခဲ့သည့် အသင်းဖြစ်ပြီး ယင်းနှစ်တွင် နိုင်ငံခြားသား နည်းပြသုံးဦးနှင့် လမ်းခွဲခဲ့ပြီး ပြည်တွင်းနည်း ပြဖြစ်သည့် ဦးမင်းသူကို ပြောင်းလဲတာဝန်ပေး ခဲ့သည်။
ထို့ပြင် ဦးမင်းသူမှာလည်း တစ်နှစ် ဝန်းကျင်သာ တာဝန်ယူခဲ့ရပြီး ၂၀၂၀ နှစ်လယ် ပိုင်းတွင် ဦးချစ်နိုင်ကို ပြောင်းလဲတာဝန်ပေး သော်လည်း ကိုဗစ်ရောဂါကြောင့် ကိုင်တွယ်ခွင့်မရဘဲ စာချုပ်ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
