ရုရှားလက်ရွေးစင်အသင်းများ၊ ကလပ် အသင်းများကို လာမည့်ရာသီပြိုင်ပွဲအားလုံး၌ UEFA က ယှဉ်ပြိုင်ခွင့်ပိတ်ပင်မှုအပေါ် ရုရှားဘက်မှ ချက်ချင်းတုံ့ပြန်မှုမရှိသေးကြောင်း သိရသည်။
UEFA သည် လာမည့်ရာသီ ဥရောပ ပြိုင်ပွဲ အားလုံး၌ ရုရှားကလပ်အသင်းများအား ယှဉ်ပြိုင်ခွင့်မပြုကြောင်းနှင့် ယူရိုအိမ်ရှင်အဖြစ်လျှောက်ထားမှုများကိုလည်း ပယ်ဖျက်ကြောင်း ပြီးခဲ့သည့်တနင်္လာနေ့က ကြေညာခဲ့သည်။ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား
ကျူးကျော်စစ်ဆင်နွှဲနေခြင်းကြောင့် UEFA က ယခုကဲ့သို့ ပိတ်ပင်မှုများ ထပ်မံပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး လာမည့်ဇူလိုင်လအတွင်း အင်္ဂလန်နိုင်ငံတွင် ကျင်းပမည့် အမျိုးသမီးယူရို ပြိုင်ပွဲမှလည်း ရုရှားအမျိုးသမီးအသင်းကို ထုတ်ပယ်ခဲ့သည်။
ရုရှားအမျိုးသမီးအသင်း သည် ယင်းပြိုင်ပွဲတွင် မူလက ခြေစစ်ပွဲ Play-off အဆင့်မှတစ်ဆင့် ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိထားသော်လည်း ယခုအခါ အဆို ပါ Play-off တွင် ၎င်းတို့အား ရှုံးနိမ့်ခဲ့သည့် ပေါ်တူဂီအမျိုးသမီးအသင်းကို UEFA က အစားထိုးယှဉ်ပြိုင်
စေခဲ့သည်။ UEFAက ရုရှားလက်ရွေးစင်အမျိုးသားအသင်းအနေ ဖြင့် ဇွန်လ၌ စတင်မည့် Nations League ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် League B သို့ တန်းဆင်းရမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
ထို့ပြင် လာမည့်ရာသီတွင် UEFA မှ ကျင်းပမည့် ကလပ်အသင်းပြိုင်ပွဲများဖြစ်သော ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်လိဂ်၊ အမျိုးသမီးချန်ပီယံလိဂ်နှင့် လူငယ်လိဂ်ပြိုင်ပွဲများအားလုံးတွင်လည်း မည်သည့်ရုရှားကလပ်အသင်းမျှ ယှဉ်ပြိုင်ခွင့် ရမည်မဟုတ်ဟု
အတည်ပြုခဲ့သည်။ ထို့ပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၃ ဥရောပယူ-၂၁ ပြိုင်ပွဲများအတွက် ခြေစစ်ပွဲများတွင်လည်း ရုရှားအသင်းများ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
UEFA ၏ ယခုဆုံးဖြတ်ချက်များအရ ရုရှားဘောလုံးလောကအနေဖြင့် ထိခိုက်နစ်နာမှုများစွာ ရှိလာခဲ့သည့်အပြင် ရုရှား နိုင်ငံအနေဖြင့် ယူရို-၂၀၂၈ နှင့် ယူရို-၂၀၃၂ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်း ပရန် လျှောက်ထားမှုများလည်း ပယ်ဖျက်ခံခဲ့ ရ
သည်။ ရုရှားနိုင်ငံသည် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ခံကျင်းပထားသောကြောင့် ယူရိုပြိုင်ပွဲများ ကျင်းပနိုင်ရန်လည်း အလားအလာကောင်းခဲ့သည်။
ရုရှားသည် ပြီးခဲ့သည့် မတ်လကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off အဆင့်မှ ထုတ်ပယ်ခံရမှုကြောင့် နိုင်ငံ တကာအားကစားခုံရုံးထံ အယူခံဝင်ခဲ့သော်လည်း အဆုံးသတ်တွင် ပယ်ချခံရဖူး သည့်သာဓကများလည်း ရှိခဲ့ကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
