၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဘောလုံးရာသီ ပြီးဆုံးရန် တဖြည်း ဖြည်းနီးကပ်လာချိန်တွင် ဂိုးသွင်းအများဆုံး(ရွှေဖိနပ်)ဆုအတွက် အလေးပေးချက်များတွင် လက်ရှိဂိုးသွင်းအများဆုံးဖြစ်နေသည့် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက အပြတ်အသတ်ရေ ပန်းစားနေဆဲဖြစ်ကြောင်း သိရသည်။
ဆာလာသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ဂိုး ၂၂ ဂိုး သွင်း ယူထားပြီး ဆွန်ဟောင်မင်နှင့် စီရော်နယ်လ်ဒိုတို့က ၁၉ ဂိုးစီဖြင့် ဒုတိယနေရာ၌ ပူးတွဲရှိနေကြသည်။ သို့သော် လက်ကျန်ပွဲများအနေအထားအရ လေးပွဲစီ ကစားရန်ကျန်သေးသည့် ဆာလာနှင့် ဆွန် ဟောင်မင်တို့သာ အဓိကယှဉ်လုရဖွယ်ရှိပြီး နှစ်ပွဲသာ ကစားရန်ကျန် တော့သည့် စီရော်နယ်လ်ဒိုမှာမူ ရွှေဖိနပ်ဆုအတွက် ဖြစ်နိုင်ခြေ အလွန်နည်းပါးလျက်ရှိသည်။
ဆာလာအနေဖြင့် အဲဗာတန်၊ နယူးကာ ဆယ်အသင်းတို့နှင့်ပွဲများတွင် ဂိုးပေါက်ပျောက်ဆုံးခဲ့သော်လည်း ရွှေဖိနပ်ဆုအတွက် William Hill ၏အလေးပေးချက်တွင် ၁း၄၀ လေးဖြင့် အပြတ်အသတ်ဦးဆောင်နေပြီး ဆွန်ဟောင်မင်က ၁၁း၁ လေး၊ စီရော်နယ်လ်ဒိုက ၁၆း၁ လေး၊ ၁၅ ဂိုးသွင်းယူထားသည့် ဂျို တာက ၆၆း၁ လေး၊ ၁၄ ဂိုးသွင်းယူထားသည့် မာနေက ၈ဝး၁ လေး၊ ၁၃ ဂိုးသွင်းယူထားသည့် ဟာရီကိန်းက ၁ဝဝး၁ လေးဖြင့် အသီးသီား ရှိနေကြသည်။
ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ် ဂိုးအများ ဆုံးဖန်တီးမှုစာရင်း၌လည်း ၁၃ ကြိမ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ထူးခြားသည်မှာ ဂိုးဖန်တီးမှုအများဆုံးစာရင်းတွင် လီဗာပူးလ်ကစားသမား သုံးဦးက ထိပ်ဆုံးသုံးနေရာကို ရယူထားပြီး ညာနောက်ခံလူ အာနိုးလ်က ၁၂ ကြိမ်ဖြင့်ဒုတိယ၊ ဘယ်နောက်ခံလူ ရောဘတ်ဆန်က ၁၁ ကြိမ်ဖြင့် တတိယနေရာ၌ ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
