၂၀၂၄ ခုနှစ် ပထမကိုးလတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ ၈၈၉ ဦးရှိပြီး ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၈ ရာ ခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်နေ ကြောင်း Unicef က ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် ပထမကိုးလတာကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲ မှု ဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၅၃၇ ခု ရှိခဲ့ပြီး အ ရပ်သား ၁၃၀ သေဆုံးကာ ၇၅၉ ဦး ဒဏ်ရာရ ရှိခဲ့သည်။
ရှမ်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် ပထမ ကိုးလတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက် ပစ္စည်းများကြောင့် အရပ်သား ၂၂ သေဆုံးပြီး ၁၉၉ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ထိခိုက် သေဆုံးသူ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ရှိခဲ့ ကြောင်း Unicef က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ၂၀၂၄ ခုနှစ် ပထမကိုးလတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား ၂၇ ဦး ၁၂၆ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက် သေဆုံးသူ စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်း ရှိခဲ့ သည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း ၂၀၂၄ ခုနှစ် ပထမကိုးလတာကာလအတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် အရပ်သား ၂၂ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း Unicef က ထုတ်ပြန်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လည်း ၂၀၂၄ ခုနှစ် ပထမကိုးလတာကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်ကျန်လက်နက်ပစ္စည်းများ ပေါက် ကွဲမှု ဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၂၂၇ ခု ရှိခဲ့ပြီး ထိခိုက်သေဆုံးသူ ၄၀၄ ဦးရှိကြောင်း Unicef က ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းသည် ကလေးသူ ငယ်များလည်း ဖြစ်ကြောင်း Unicef က ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းများကြောင့် ထိခိုက်၊ သေဆုံးသူ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ထိခိုက်၊ သေ ဆုံးသူအများဆုံးဖြစ်ခဲ့ကြောင်း မြေမြှုပ် မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည် ရေးအဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၅၇၀၀ ကျော်ရှိခဲ့ကာ မြန်မာနိုင်ငံတွင် ထိခိုက် ဒဏ်ရာရသူ၊ သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
ထို့ပြင် ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူကရိန်းတို့တွင်လည်း သေဆုံးသူများပြား ခဲ့သည်ဟုဆိုသည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံ တွင် မြေမြှုပ်မိုင်းများနှင့်ဖောက်ခွဲရေးပစ္စည်း များကြောင်း လူပေါင်း ၁၉၈၈ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း ၃၆၆၃ ဦး ဒဏ်ရာရခဲ့ကာ ထိုအရေ အတွက်သည် ၂၀၂၂ ခုနှစ်ကထက် ထိခိုက်၊ သေဆုံးသူ ၁၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ထိခိုက်၊ သေဆုံးသူစုစုပေါင်း၏ ၈၄ ရာ ခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၃၇ ရာခိုင်နှုန်းများကလေးသူငယ်များဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
