အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများသည် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်ပြီး လာမည့်သီတင်းပတ်တွင် တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
အဆိုပါ သုံးနိုင်ငံသည် နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနှင့် လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပေါ်နေမှုကို ဖြေရှင်းရန် နည်းလမ်းရှာဆွေးနွေးလာခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားနှင့် ဒုံးလက်နက် အစီအစဉ်များကြောင့် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများနှင့် ရင်ဆိုင်နေရသည်။
တောင်ကိုရီးယားအစိုးရ၏ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် နိုကျူဒေါက်သည် စက်တင်ဘာ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့သုံးရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား အထူးကိုယ်စားလှယ်သည် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်သံတမန် ဆောင်ကင်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှ-ပစိဖိတ်ဒေသရေးရာ ဗျူရိုညွှန်ကြားရေးမှူးချုပ် တာခဲဟိရိုဖုနာ ကိုရှိတို့နှင့် ဂျပန်တွင် တွေ့ဆုံသွားမည်ဖြစ်သည်။၎င်းတာဝန်ရှိသူများက မြောက်ကိုရီးယား နျူကလီးယားအရေးနှင့် ၎င်းနိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားမည်ဟုလည်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။
“အဆိုပါ သုံးနိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်အရေးကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းနိုင်ရေးနဲ့ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မယ့် နည်းလမ်းတွေကို အလေးအနက် ဆွေးနွေးသွားဖွယ်ရှိတယ်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် ဆောင်ကင်သည် စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ တိုကျိုမြို့သို့ သွားရောက်မည်ဖြစ်ကာ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက် အလုံးစုံကင်းစင်ရေးအတွက် အမေရိကန်၏ ကတိကဝတ်ပြုမှုနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဂျပန်နိုင်ငံသားများအရေးကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အထမြောက်အောင်မြင်စေရန် သံတမန်နည်းအရ နည်းလမ်းရှာဖွေသွားမည်ဟု ပြောဆိုထားသော်လည်း မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ဆန္ဒမရှိပေ။
မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် အချိန်မရွေး နေရာမရွေး တွေ့ဆုံရန် အသင့်ရှိနေသည်ဟု သြဂုတ်လတွင် ဆိုးလ်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်က ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် သံခင်းတမန်ခင်းအတွက် လမ်းဖွင့်ထားဆဲ ဖြစ်သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် တောင်ကိုရီးယား - အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ထောက်ရှုမည်ဆိုလျှင် အမေရိကန်သည် ၎င်းတို့မူဝါဒကို ပြောင်းလဲမည့် လက္ခဏာမျိုး မတွေ့ရဟု မြောက်ကိုရီးယားဘက်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
