
အင်အားပြင်းထန်သည့် စူပါတိုင်ဖွန်း မုန်တိုင်းတစ်ခုသည် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့အား ခြိမ်းခြောက်နေပြီး လာမည့်ရက်ပိုင်းအတွင်း လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းလိမ့်မည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြခဲ့သည်။
ချန်သူအမည်ရှိ ယင်းမုန်းတိုင်းသည် စက်တင်ဘာ ၁၀ ရက်တွင် ထိုင်ဝမ်၏ တောင်ဘက်စွန်း ကီလိုမီတာ ၅၈၀ (မိုင် ၃၆၀) တွင်ရှိနေပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၂၃၄ ကီလိုမီတာ (၁၄၅ မိုင်) နှုန်း ရှိသည်ဟု ထိုင်ဝမ်၏ ဗဟို မိုးလေဝသဗျူရိုက ထုတ်ပြန်ခဲ့သည်။
ယင်းမုန်တိုင်းသည် စက်တင်ဘာ ၁၀ ရက်နှောင်းပိုင်းတွင် ဖိလစ်ပိုင်၏ အရှေ့မြောက်ဘက်စွန်းကို ဝင်ရောက်မည်ဟု ဖိလစ်ပိုင် မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။လူပေါင်း ၃၅,၀၀၀ ခန့် နေထိုင်သည့် ဆန်တာနှင့် အန်နာမြို့များနှင့် လူသူအရောက်အပေါက်နည်းသည့် ဘာဘူယန်ကျွန်း၏ အရှေ့ဘက်ပိုင်းဒေသတွင် အလွန်ပြင်းထန်သည့် လေပြင်းများတိုက်ခိုက်နိုင်သည်ဟု မိုးလေဝသအေဂျင်စီက သတိပေးခဲ့သည်။
ထို့ပြင် ပင်လယ်ရေမျက်နှာပြင်တွင် လှိုင်းလုံးများမှာ ၂.၅ မီတာမှ ၁၀ မီတာအထိ မြင့်တက်နိုင်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။ လူသားများကြောင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏အကျိုးဆက်အဖြစ် တိုင်ဖွန်းမုန်တိုင်းများသည် မကြာခဏပေါ်ပေါက်လာပြီး ပိုမိုအင်အားပြင်းထန်လာခဲ့သည်ဟု သိပ္ပံပညာရှင်များက ယခင်ကတည်းက သတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်