
အာဖဂန်နစ္စတန်သည် စက်တင်ဘာ ၉ ရက်တွင် စားနပ်ရိက္ခာနှင့်ဆေးဝါးများ အပါအဝင် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများကို နိုင်ငံငါးနိုင်ငံထံမှ လက်ခံရရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အနှစ် ၂၀ ကြာ စစ်ပွဲဒဏ်ကို ခံစားခဲ့ရပြီး ငွေကြေးအကျပ်အတည်း ကြုံနေရသော အာဖဂန်နစ္စတန်နိုင်ငံသည် ယခုအခါဆိုးရွားသော စီးပွားရေးပြဿနာနှင့်ကြုံတွေ့ရကာ အသက်ဆက်ရန် ပေါင်မုန့်လိုက်တောင်းနေကြသူများနှင့်အတူ မြို့တော်ကဘူးလ်ရှိ နေရာတိုင်းတွင် ဆင်းရဲမွဲတေမှုကိုတွေ့နေရသည်။
မကြာသေးခင်က ကြားဖြတ်အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့သော တာလီဘန်အစိုးရကိုဆေးဝါး နှင့်စားနပ်ရိက္ခာထောက်ပံ့ရန်ကာတာ၊ ယူအေအီး၊ ဘာရိန်းနှင့်ပါကစ္စတန်တို့မှ လေယာဉ်လေးစီးသည် ကဘူးလ်လေဆိပ်ကို ရောက်ရှိလာခဲ့သည်ဟု ဟာမစ်ကာဇိုင်း နိုင်ငံတကာလေဆိပ်မှ တာဝန်ရှိသူ ဟာဒီဟမ်ဒါဒါက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်သည် အိမ်နီးချင်း တာမင်နစ္စတန်ထံမှ တစ်ဆင့်အကူအညီများကို ကုန်းလမ်းမှတစ်ဆင့်ရရှိခဲ့သည်ဟု ၎င်းကပြောသည်။ အိမ်ပြန်ရန် ငွေမလုံလောက်တော့သည့် လူရာပေါင်းများစွာသည် ရှာဟာအီနူပန်းခြံတွင် အိပ်နေကြသည်ကို မြင်ရသည်။
တာလီဘန်ကပြည်နယ် မြို့တော်များကို သိမ်းပိုက်နေချိန် သြဂုတ်လထဲတွင် ၎င်းတို့သည်ကဘူးလ်မြို့သို့ ရောက်လာခဲ့ကြသူများဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်