Top News

အစ္စရေးက လွတ်မြောက်ပါလက်စတိုင်း အကျဉ်းသားများရှာဖွေမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်
24htopnews | December 4, 2024 6:12 PM CST

အစ္စရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးမြင့်မားသောထောင်မှ လွတ်မြောက်သွားခဲ့သည့် ပါလက်စတိုင်း အမျိုးသားခြောက်ဦးကို ရှာဖွေမှုသည် စက်တင်ဘာ ၉ ရက်တွင် လေးရက်မြောက်နေ့သို ့ ရောက်ရှိလာခဲ့သည်။

ပါလက်စတိုင်းအမျိုးသားခြောက်ဦးသည် စက်တင်ဘာ ၆ ရက်တွင် အချုပ်ခန်းကြမ်းပြင် အပေါက်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

၎င်းတို့ထဲကငါးဦးသည် အစ္စလာမ်မစ်ဂျီဟတ်အုပ်စု၏ အဖွဲ့ဝင်များဖြစ်ကြ၍တစ်ဦးမှာ ဖာတာအုပ်စုမှ ဖြစ်သည်။၎င်းတို့သည် အစ္စရေးနိုင်ငံသားများကို ပြင်းထန်သော တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း သို့မဟုတ် တိုက်ခိုက်မှုများ ပြုလုပ်ရန်စီစဉ်ခြင်းတို့ဖြင့် သံသယရှိခံထားရသူများ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်ကြသည်။

၎င်းတို ့လွတ်သွားခဲ့ပြီးနောက် နာရီပိုင်းအတွင်းတွင် အစ္စရေးအကျဉ်းထောင် တာဝန်ရှိသူများသည်အကျဉ်းသားများ အလားတူထွက်ပြေးမည်ကိုကိုစိုးရိမ်သဖြင့် တစ်ခြားပါလက်စတိုင်းအကျဉ်းသားတစ်ချို့ကို ထောင်ပြောင်းပေးခဲ့သည်။

ဝရမ်းပြေးခြောက်ဦးသည် အစ္စလာမ်မစ်ဂျီဟတ်လှုပ်ရှားမှု အဖွဲ့ဝင်များဖြစ်ကြပြီးတစ်ဦးမှာဖာတာပါတီ နှင့်အဓိကဆက်စပ်နေသော လက်နက်ကိုင်အုပ်စုတစ်ခု၏ တပ်မှူးဟောင်းဖြစ်သည်ဟု အစ္စရေးအကျဉ်းထောင်ဌာနက ပြောကြားခဲ့သည်။

၎င်းတို့ထဲမှလေးဦးသည် အစ္စရေးပြည်သူများ သေဆုံးခဲ့သော တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်း၊ ကြံစည်ခဲ့ခြင်းတို့ဖြင့် တရားစွဲခံရပြီးနောက် တစ်သက်တစ်ကျွန်း ကျခံထားရသူများဖြစ်ကာ နောက်တစ်ဦးသည် အထူးထိန်းသိမ်းခွင့်အမိန့်ဖြင့် ထိန်းသိမ်းခံထားရသူဖြစ်သည်။ဆဌမမြောက် ဝရမ်းပြေးသည် စီရင်ချက်ကိုစောင့်ဆိုင်းနေရသူ ဖြစ်သည်။

ထောင်သားတချို ့ရွှေ့ပြောင်းခံရသည်ကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ပါလက်စတိုင်းအကျဉ်းသားများက ၎င်းတို့၏အချုပ်ခန်းကို မီးရှို့ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်တွင် အစ္စရေးပြည်တွင်းလုံခြုံရေးဝန်ကြီး အိုမာဘာလက်သည် နက်ဂတ်ကန္တာရရှိ ကစ်ဇီးရော့ထောင်ကိုသွားခဲ့သည်။

စက်တင်ဘာ ၉ ရက်နှောင်းပိုင်းတွင် လွတ်မြောက်အကျဉ်းသားများကို ထောက်ခံသည့် ဟီဘရွန်းမြို ့က ပါလက်စတိုင်းများနှင့် အစ္စရေးစစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။

ပါလက်စတိုင်းများသည် အစ္စရေးကထောင်ချထားသော ဘဝတူညီနောင်များကို အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရေးအတွက် ကြိုးပမ်းရာတွင် သူရဲကောင်းများအဖြစ် သတ်မှတ်ထားကြသည်။   

အစ္စရေးဆန့်ကျင်သော အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ကြသော ပါလက်စတိုင်းများသည် အကြမ်းဖက်သမားများဖြစ်သည်ဟု အစ္စရေးကပြောကြားထားပြီး စက်တင်ဘာ ၆ ရက်က အကျဉ်းသားခြောက်ဦး လွတ်သွားခြင်းသည် အနောက်ဘက်ကမ်းနှင့် ဂါဇာတို့၌ ပဋိပက္ခများတောက်လောင်စေနိုင်မည့်အပေါ် စိုးရိမ်လျက်ရှိကြသည်။

ဂီလ်ဘိုအာထောင်မှ အကျဉ်းသားခြောက်ဦး လွတ်သွားခဲ့ပြီးနောက် ပါလက်စတိုင်း အကျဉ်းသားများကို ထောက်ခံသည့်ဆန္ဒပြပွဲများနှင့် အစ္စရေးအကျဉ်းထောင်များ အုပ်ချုပ်ရေးအဖွဲ ့၏ ဖိနှိပ်မှုနှင့်၎င်းတို့ကိုတုံ့ပြန် တိုက်ခိုက်မှုများအား ပြစ်တင်ရှုတ်ချသည့်ဆန္ဒပြပွဲများ စက်တင်ဘာ ၈ ရက်က အနောက်ဘက်ကမ်း ဒေသတစ်လွှားတွင်ဖြစ်ပွားခဲ့သည်။အဆိုပါ ဆန္ဒပြပွဲများအတွင်းတွင် အစ္စရေးစစ်သားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးနောက် မျက်ရည်ယိုဓာတ်ငွေ့ဘူးများဖြင့် ထိခိုက်မိသဖြင့် ပါလက်စတိုင်း ဒါဇင်ချီဒဏ်ရာရခဲ့သည်။


READ NEXT
Cancel OK