လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ဗီလာရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း (၅-၂)ဂိုးဖြင့် အနိုင်ရပြီးနောက် တစ်ရာသီအတွင်း ချန်ပီယံလိဂ်(ယခင် ဥရောပဖလား) ဗိုလ်လုပွဲ၊ FA ဖလား ဗိုလ်လုပွဲနှင့် လိဂ်ဖလား (Carabao Cup) ဗိုလ်လုပွဲများသို့ တက်ရောက်နိုင်သည့် ပထမဆုံးအင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ လီဗာပူးလ်အသင်းသည် အိမ်ရှင်ဗီလာရီးယဲလ်အသင်းကို ပထမပိုင်းတွင် (ဝ-၂) ဂိုးဖြင့် ရှုံး နိမ့်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် ဖာဘင်ညို၊ ဒီယက်ဇ်၊ မာနေတို့၏ သွင်းဂိုးများကြောင့် (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ဗီလာရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း (၅-၂)ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နောက်ဆုံး (၅) ရာသီအတွင်း (၃) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၇) ရက်က လိဂ်ဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့ပြီး FA ဖလား ဗိုလ်လုပွဲသို့လည်းတက်ရောက်ထားကာ မေ (၁၄) ရက်တွင် ချယ်လ်ဆီးအသင်းနှင့်ပင် ကစားရမည်ဖြစ်သည်။
ယခုအခါ လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် တစ်ရာသီအတွင်း ပြိုင်ပွဲ (၃)ရပ်လုံးတွင် ဗိုလ်လုပွဲတက်ရောက်သည့် ပထမဆုံးအင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိတွင် လိဂ်ဖလားကို ဆွတ်ခူးထားပြီးဖြစ်သလို၊ ပ ရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုတွင်လည်း ထိပ်ဆုံးမှ မန်စီးတီး (၈၃ မှတ်)နှင့် (၁) မှတ်သာ ကွာဟလျက်ရှိသည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ဖလား (၄)လုံးရယူနိုင်သည့် ပထမဆုံးအင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းဝင်ရန်လည်း အနီးစပ်ဆုံးအခြေအနေတွင် ရှိနေကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
