အာဆင်နယ်အသင်းနှင့် စပါးအသင်းတို့အတွက် အဆင့် (၄)နေရာလုပွဲသည် ဖလားလုပွဲပုံစံဖြစ်နေသည်ဟု မီဒီယာများက သုံးသပ်လျက်ရှိသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရာသီကုန်ဆုံးရန် (၄)ပွဲသာ လိုတော့ချိန်တွင် ယင်းနှစ်သင်းအကြား ရမှတ်ကွာဟမှုမှာ (၂)မှတ်သာရှိနေပြီး အာဆင်နယ်အသင်းက အဆင့် (၄)၊ စပါးအသင်းက အဆင့် (၅)နေရာတွင် အသီးသီးရပ်တည်လျက်ရှိသည်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ် အသင်းသည် လက်ရှိရပ်တည်မှုကို ထိန်းထားနိုင်ရန် လိုအပ်နေပြီး စပါးအသင်းကလည်း အာဆင်နယ်ကို ကျော်တက်နိုင်အောင် ကြိုးစားရမည့်အခြေအနေတွင် ယင်းနှစ်သင်း ၏ တိုက်ပွဲသည် မန်စီးတီး နှင့် လီဗာပူးလ်အသင်းတို့၏ အမှတ်ပေးဖလားလုပွဲကဲ့သို့ပင် ပြင်းထန်နေကြောင်း မီဒီယာများက သုံးသပ်နေကြခြင်းဖြစ်သည်။
အာဆင်နယ်အ သင်းသည် ရာသီလက်ကျန် (၄)ပွဲတွင် လိဒ်စ်၊ စပါး၊ နယူးကာဆယ်၊ အဲဗာတန်အသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်များထဲတွင် လိဒ်စ်နှင့် အဲဗာတန်အသင်းတို့သည် တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်ရမည့်အသင်းများ ဖြစ်သလို၊ စပါးအသင်းမှာမူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ရိုက်ပြိုင်ဘက်အသင်းဖြစ်နေသည်။
စပါးအသင်းမှာလည်း လီဗာပူးလ်၊ အာဆင်နယ်၊ ဘန်လေ၊ နောဝစ်ချ်အသင်း တို့နှင့် ဆုံတွေ့နေရာ နောဝစ်ချ်တစ်သင်းသာ ပွဲချောင်ပြီး ကျန်အသင်း (၃)သင်းမှာ အမှားမခံသည့် အခြေအနေတွင် ရောက်ရှိနေကြသည်။ ယင်းအတွက်ကြောင့်လက်ကျန်ပွဲ စဉ်ဇယားအခြေအနေအရ သိပ်မကွာကြဘဲ စပါးအသင်း၏ ကွင်းတွင် ကစားရမည့် အာဆင်နယ်အသင်းနှင့် ပွဲစဉ်သည် ဗိုလ်လုပွဲတစ်ပွဲလို ဖြစ်လာမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းမှာမူ အာဆင်နယ်နှင့် (၃)မှတ်သာကွာတော့သော်လည်း စပါး-အာဆင်နယ်ပွဲစဉ်အပြင် လက်ရှိရမှတ်အနေအထားကြောင့် အားသာသည့်အခြေအနေတွင် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
