ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က PSG အသင်း ကြယ်ပွင့်ကစားသမား ဘာပေ၏အပြောင်းအရွှေ့မှာ အမှန်တကယ်ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက်ဖွင့်ဟပြောကြားခဲ့သည်။
လာလီဂါချန်ပီယံဆုနှင့် အောင်ပွဲခံအခမ်းအနားပြုလုပ်စဉ် ဘာပေ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ သတင်းဌာနက မေးမြန်းရာ ပီရက်ဇ်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ "အဲဒီကိစ္စ အကြောင်းကို မတွေးထားပါဘူး။ ဒါပေမဲ့ ခင်ဗျားက အခု သူ့ကိုရည် ညွှန်းပြီး ပြောနေတယ်။ အဲဒါက အမှန်တကယ်ဖြစ်လာနိုင်တယ်။ လာမယ့်နှစ်အတွက် လူစာရင်းကိုစီစဉ်တဲ့အခါ ဘာတွေဖြစ်မလဲ ကျွန်တော်တို့ ကြည့်ကြတာပေါ့" ဟု ပီရက်ဇ်က ပြောကြားသည်။
ထို့ပြင် ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီကလည်း ဘာပေ၏အပြောင်းအရွှေ့အတွက် မေးမြန်းစဉ် အသင်း၏အနာဂတ်ကို ကြိုတင်ရေးသားထားပြီးဖြစ်ကြောင်း ဖြေကြားသည်။ "ဒီအသင်းရဲ့အနာဂတ်က ကြိုတင်ရေးထားပြီးသားဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဥက္ကဋ္ဌနဲ့အတူ အနာဂတ်တွေကို ကြိုတင်ရေးထား ပြီးပါပြီ" ဟု အန်ဆယ်လော့တီက ဆိုသည်။ ထို့ပြင် ယင်းကဲ့သို့ ပြောကြားခြင်းမှာ ရီးယဲလ်အသင်းသို့ ဘာပေရောက်ရှိလာမည်ဟု အတည်ပြုခြင်း ဟုတ်မဟုတ် ဆက်လက်မေးမြန်းမှုကို အန်ဆယ်လော့တီက "ကျွန်တော် အဲဒီလိုမပြောပါဘူး" ဟု ရယ်မော၍ ပြန်လည်ဖြေကြားခဲ့သည်။
PSG အသင်းနည်းပြ ပိုချက်တီနိုကမူ မိမိအပြင် ဘာပေပါ လာမည့်ရာသီတွင် ဆက်ရှိနေရန် ၁၀၀ ရာခိုင်နှုန်းသေချာကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောကြားထားသည်။ "ကိစ္စနှစ်ခုစလုံးက ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ကျွန်တော် ဒီနေ့ခံစားရတာ အဲဒီလိုပါပဲ။ ဒီနေ့ ခင်ဗျားကိုပြောနိုင်တာ အဲဒါပါပဲ။ တခြားဘာမှ ပြောစရာမရှိပါဘူး။ အခုလောလောဆယ် ကျွန်တော်ခံစားနေရတာ အဲဒီလိုပါပဲ။ ဒါက ဘောလုံးလောကဖြစ်လို့ ဘာဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီမေးခွန်းကို ကျွန်တော် ဒီနေ့ဘယ်လို ခံစားရလဲဆိုတဲ့အပေါ်မူတည်ပြီး ဖြေရမှာပါ။ ကျွန်တော်လုပ်ခဲ့တာ ဒါတွေပါပဲ" ဟု ပိုချက်တီနိုက ပြောကြားသည်။
အသက် ၂၃ နှစ်ရှိပြီဖြစ်သည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေ၏ စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည် ဖြစ်ပြီး ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
