မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းကွင်းလယ်ကစားသမား ဒီဘရိုင်းနားနှင့် ၎င်းတို့အကြား ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဟု ပြောဆိုနေမှုများမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လတ်တလောတွင် ရလဒ်ဆိုးရွားနေပြီး အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ ယင်းအခြေအနေတွင် ဂွါဒီယိုလာအနေဖြင့် ဒီဘရိုင်းနားအား ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုခြင်းမှာ ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးအဆင်မပြေခြင်းကြောင့် ဖြစ်လိမ့်မည်ဟု ဘောလုံးဝေဖန်သူများဖြစ်သည့် ဂယ်ရီနဗီးလ်နှင့် ကာရေဂါတို့က သုံးသပ်ပြောကြားခဲ့ကြသည်။
သို့သော် ဂွါဒီယိုလာက အဆိုပါ သုံးသပ်မှုများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာ က "လူတွေက ကျွန်တော်နဲ့ ဒီဘရိုင်းနား ပြဿနာဖြစ်နေတယ်လို့ ပြောနေကြတယ်။ ကျွန်တော်က ဒီဘရိုင်းနားကို မကစားစေချင်ဘူးလို့ ခင်ဗျားထင် နေလား။ ပြိုင်ဘက်ဧရိယာမှာ ပါရမီ အရှိဆုံးကစားသမားကို ကျွန်တော်မသုံးချင်ဘူးလို့ ထင်နေတာလား။ ဒီဘရိုင်းနားနဲ့ ကျွန်တော် လက်တွဲလာတာ (၉) နှစ်ရှိပြီးဆိုတော့ ကျွန်တော်တို့အကြားမှာ ပြဿနာတွေ ရှိနေတယ်ပေါ့။ ဒီဘရိုင်းနားက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အသက် (၃၃)နှစ်ရှိ နေပါပြီ။ သူ ခြေစွမ်းပြနိုင်ဖို့ အချိန်ယူရဦးပါမယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
