မန်ယူနည်းပြ အာမိုရင်မ်က ၎င်း၏အမည်အား ပရိသတ်များ သီဆိုအားပေးခြင်းကို မနှစ်သက်ဘဲ ယင်းအစား အသင်းကစားသမားများနှင့် ကလပ်အသင်းကိုသာ သီချင်းလုပ်ဆိုအားပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အသက် (၃၉) နှစ်အရွယ်ရှိ အာမိုရင်မ်သည် မန်ယူအသင်းကို နိုဝင်ဘာလ (၁၁) ရက်တွင် စတင်ကိုင်တွယ်ခဲ့ပြီး အချိန်တိုအတွင်းမှာပင် အသင်းပရိသတ်များ၏အားပေးမှုကို ရရှိခဲ့သူဖြစ်သည်။ မန်ယူပရိသတ်များသည် အသင်းကို အာမိုရင်မ် စတင်ကိုင်တွယ်ခဲ့သည့် အစ်ဝစ်ချ်နှင့်ပွဲကတည်း က အာမိုရင်မ်၏အမည်ကို သီချင်းလုပ်ကာ သီဆိုအားပေးခဲ့ကြကြောင်း သိရှိရသည်။
မန်ယူပရိသတ်များသည် အာမိုရင်မ်၏အမည်ကို အမေရိကန် Band တစ်ခုဖြစ်သည့် KC and the Sunshine Band ၏ Give It Up သံစဉ်အတိုင်း သီချင်းလုပ်ဆိုအားပေးနေခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစာရှင်းလင်းပွဲတွင် အဆို ပါအကြောင်းနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ အာမိုရင်မ်က မန်ယူပရိသတ်များအနေဖြင့် ၎င်း၏ အမည်ကို သီချင်းလုပ်ဆိုခြင်းအပေါ် ရှက်ရွံမိကြောင်းနှင့် ကစားသမားများကိုသာ သီချင်းလုပ်ဆိုအားပေးကြရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်က "ကျွန်တော့်ရဲ့နာမည်ကို သီချင်းလုပ်ဆိုပြီး အားပေးတာကို ကျွန်တော် မကြိုက်ပါဘူး။ ရှက်တာတော့ မဟုတ်ပေမဲ့ သိပ်မကောင်းဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က နည်းပြလေ။ သူတို့(မန်ယူပရိသတ်) အနေနဲ့ ကစားသမားနဲ့ ကလပ်အသင်းအတွက်ပဲ သီချင်းလုပ်ဆိုအားပေးသင့်ပါတယ်။ ဒီတော့ ဒါက ကျွန်တော့်အတွက် ကောင်းတဲ့အရာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
သို့သော် အာမိုရင်မ်က ၎င်း၏အမည်ကို ပရိသတ်များ သီချင်းလုပ်ဆိုအားပေးသည့်အတွက် ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့သည်။ "ပရိသတ်တွေရဲ့ အားပေးမှုအတွက် ကျွန်တော် အမှန်တကယ် ဂုဏ်ယူပါတယ်။ ပရိသတ်တွေနဲ့ တစ်သားတည်းဖြစ်တယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ရလဒ်တွေကောင်းအောင် ကြိုးစားရမှာပါ"ဟု ၎င်းက ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
