လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အသင်းတိုက်စစ်ကစားသမား ဆာလာ၏အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းမှုကို မန်စီးတီးအသင်း၏စွဲချက် (၁၁၅) ချက်ကို အကြောင်းပြကာ သတင်းထောက်များကို ပြန်လည်နောက်ပြောင်ခဲ့ကြောင်း သိရှိရသည်။
ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် နောက်ပိုင်းတွင် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး မကြာခဏဆိုသလို လူသိရှင်ကြားထုတ်ဖော်ပြောကြားလျက်ရှိသည်။ မန်စီးတီး အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင်လည်း ဆာလာက ၎င်းအတွက် မန်စီးတီး အသင်းကို အန်ဖီးလ်ကွင်းတွင် ကစားသည့်နောက်ဆုံးပွဲစဉ်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆာလာ၏အဆိုပါမှတ်ချက်နှင့်ပတ်သက်ပြီး နယူးကာဆယ်နှင့်ပွဲမတိုင်မီ ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ လီဗာပူးလ်နည်းပြ ဆလော့က မန်စီးတီးအသင်း၏စွဲချက် (၁၁၅) ချက်ကို အကြောင်းပြကာ နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။
ဆလော့က "မန်စီးတီးအသင်းရဲ့စွဲချက် (၁၁၅) ချက်နဲ့ ပတ်သက်လို့ မို(ဆာလာ) ပိုသိနေတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီတော့ သူက လာမယ့်ရာသီမှာ သူတို့(မန်စီးတီးအသင်း) ပရီးမီးယားလိဂ်မှာ မရှိလောက်တော့ဘူးလို့ ထင်နေမယ်ထင်တယ်။ ကျွန်တော်က တော့ သူတို့(မန်စီးတီး)ကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေချင်ပါတယ်။ ဆာလာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဖြေရတာ ပျင်းစရာကောင်းပါတယ်။ မိုရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ဒီမှာ ကျွန်တော် မပြောပါဘူး။ အခုတောင် အများကြီးပြောမိပြီထင်တယ်။ ကျွန်တော် ပြောတာတွေက နောက်တာနော်။ ဒါကလည်း သတင်းခေါင်းကြီးပိုင်းဖြစ်ဦးမယ်ထင်တယ်။ ဒါပေမဲ့ ဒါက နောက်တာနော်။ ကျွန်တော် ထပ်ပြောမယ်။ နောက်တာပါ"ဟု ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဆာလာသည် လီဗာပူးလ်အသင်းတွင် ဆက်နေရန် ဆန္ဒပြင်းပြနေပြီး အသင်းနှင့်တစ်နှစ်စာချုပ်တိုးဖွယ်ရှိကြောင်း The Athletic က ဖော်ပြခဲ့သည်။ သို့သော် လီဗာပူးလ်ဘက်က ဆာလာကို တရားဝင်ကမ်းလှမ်းမှုမရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
