ဆော်ဒီကလပ် အယ်လ်နာဆာအသင်း ခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ဒေါ်လာ တစ်သန်းတန် ဘောလုံးစွမ်းရည်ယှဉ်ပြိုင်မှုတွင် ပရိသတ်တစ်ဦးကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ရော်နယ်လ်ဒိုသည် ခါလစ်ဟု အမည်ရသည့် ပရိသတ်တစ်ဦးနှင့် MrBeast ၏ YouTube Channel တွင် ဘောလုံးစွမ်းရည်ယှဉ်ပြိုင်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် YouTuber ဖြစ်သူ MrBeast သည် Subscriber အများဆုံးအဖြစ် ၃၃၄ သန်းအထိ ပိုင်ဆိုင်ထားသူဖြစ်ပြီး နိုဝင်ဘာလအတွင်း ရော်နယ်လ်ဒို၏ YouTube Channel တွင် ဧည့်သည်အဖြစ် ပါဝင်ခဲ့ဖူးသည်။
ဘောလုံးစွမ်းရည်ယှဉ်ပြိုင်မှုအဖြစ် ဂိုးတိုင်၏ ဘားတန်းတစ်လျှောက်တွင် ပစ်မှတ် ငါးခုချိတ်ဆွဲထားပြီး ပစ်မှတ်သုံးခုကို အရင် ဦးဆုံးထိမှန်အောင် ကန်နိုင်သူက ဒေါ်လာ တစ်သန်းဆွတ်ခူးရရှိမည်ဖြစ်သည်။ ရော်နယ်လ်ဒိုသည် MrBeast ဟု နာမည်ရေးထိုး ထားသည့် အယ်လ်နာဆာအသင်း အိမ်ကွင်း ဂျာစီဝတ်ဆင်ထားပြီး ခါလစ်က အဝေးကွင်း ဂျာစီ ဝတ်ဆင်ထားသည်။
ရော်နယ်လ်ဒိုက ကန်သွင်းမှုလေးကြိမ်စလုံး လွဲချော်ခဲ့သော်လည်း ခါလစ်က ငါးကြိမ်တွင် သုံးကြိမ်ထိမှန်အောင် ကန်သွင်းနိုင်သဖြင့် ဆုကြေးဒေါ်လာ တစ်သန်း ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ခါလစ် သည် အနိုင်ရရှိပြီးနောက် ရော်နယ်လ်ဒိုကို ပွေ့ဖက်အောင်ပွဲခံခဲ့ပြီး ရော်နယ်လ်ဒိုကလည်း "မင်းအတွက် အရမ်းဂုဏ်ယူပါတယ် သူငယ်ချင်း" ဟု တုံ့ပြန်ပြောကြားခဲ့သည်။
အဆိုပါဗီဒီယိုကို နိုဝင်ဘာ ၃၀ ရက်က တင်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်အထိ ကြည့်ရှုမှု ၈၃ သန်းကျော်ရှိကြောင်း သိရသည်။ရော်နယ်လ်ဒို၏ UR Cristiano YouTube Channel မှာလည်း သြဂုတ် ၂၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Subscriber ၇၀ ဒသမ ၉ သန်းအထိ ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
