Top News

‘မဲဆွယ်အပြုံး’သရော်စာနှင့် ပတ်သက်၍ အမှုအား ချေဖျက်ပေးရန် လျှောက်ထားမှုကို ပလပ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချ
24htopnews | December 5, 2024 5:12 AM CST

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီအပတ်စဉ်ဂျာနယ်၏ ‘မဲဆွယ် အပြုံး’သရော်စာနှင့်ပတ်သက်၍အမှုအား ချေဖျက်ပေးရန်လျှောက်ထားမှုကို ပလပ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အောက်တိုဘာ ၂၆ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီဂျာနယ်အပေါ် သတင်းမီဒီယာဥပဒေဖြင့်တရားစွဲဆိုထားမှုမှာ သက်သေအထောက်အထားများ ခိုင်လုံမှုမရှိ၍အမှုအား ချေဖျက်ပေးရန် ဂျာနယ်ဘက်မှ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံသို့ သြဂုတ် ၁၄ ရက်က လျှောက်ထားခဲ့ပြီး အောက်တိုဘာ ၂၆ ရက် က လျှောက်ထားမှုအပေါ်လက်ခံရန် သင့် မသင့် လျှောက်လဲချက်ကို ကြားနာခဲ့ပြီးနောက် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် မူလစစ်ဆေးနေဆဲဖြစ်သည့် ထားဝယ်မြို့နယ်တရားရုံးတွင် ဆက်လက်ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

‘‘ပြည်ထောင်စုတရားလွှတ်တော်က အမှုချေဖျက်လျှောက်ထားတာကို ပလပ်လိုက်တယ်။ (အမှု) ချေဖျက်ကိစ္စနဲ့ပတ်သက်ပြီး ပြင် ဆင်ပေးဖို့ လျှောက်ထားတာကို ပလပ်လိုက်တော့ မြို့နယ်တရားရုံးမှာပဲ ပုံမှန်အတိုင်း ဆက်စစ်ဆေးမှာပေါ့။ ပြည်ထောင်စုတရားလွှတ်တော်ဆီ လျှောက်ထားတဲ့အချိန်မှာ အတိုင်းအတာတစ်ခုအထိ မျှော်ထားတာပေါ့လေ။ ဒါပေမဲ့ မျှော်လင့်ထားသလို ဖြစ်မလာဘူး။ အားတော့မလျှော့သေးဘူးပေါ့။ ဆက် ပြီးကြိုးစားသွားမယ်’’ဟု တရားစွဲဆိုခြင်းခံရသည့် တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမှုအားချေဖျက်ရန် လျှောက်ထားမှုကို ပလပ်လိုက်သောကြောင့် ထားဝယ်မြို့နယ်တရားရုံး၌ အမှုအား စစ်ဆးနေဆဲ အခြေအနေတွင်သာ ရှိနေသေးသောကြောင့် အမှုလမ်းကြောင်းအရ ဆက်သွားရမည်ဖြစ်ပြီး ကြိုးစား ရင်ဆိုင်သွားမည်ဟု ဦးမျိုးအောင်က ပြောကြားသည်။


READ NEXT
Cancel OK