Top News

ဘားအံမြို့နယ် နောင်လုံတံတားရဲကင်းအား သေနတ်သမား တစ်ဦးက ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
24htopnews | December 5, 2024 5:12 AM CST

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-အိန္ဒုကားလမ်းရှိ နောင်လုံတံတား ယာဉ်ကြောရှင်းလင်းရေးနှင့် လုခြုံရေးတာဝန်ကျ ရဲကင်းစခန်းအား ဆိုင်ကယ်စီးလာသူ သေနတ်သမား တစ်ဦးက အောက်တိုဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ပစ်ခတ်မှုကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ် ဘားအံ-အိန္ဒု ကားလမ်းရှိ နောင်လုံတံတားရဲကင်းတွင် ဒုတပ်ကြပ် မျိုးဇော်အောင်သည် နောင်လုံတံတား ဆောက်လုပ်ရေး လုပ်ငန်းမှ ရုံးစောင့်ဝန်ထမ်း ဦးသက်လွင်နှင့် အတူရှိနေစဉ် အောက်တိုဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အိန္ဒုဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်သမားက အသင့်ပါလာသော သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဒုတပ်ကြပ်မျိုးဇော်အောင်တွင် ဝဲဘက်ရင်ဘတ်မှ ကျည်ဖောက်ဝင်ပြီး ဝဲဘက်ကျောမှ ဖောက်ထွက်ခဲ့ကြောင်း၊ ကင်းစခန်း၌ ရှိနေသူ ဦးသက်လွင် (၄၆ နှစ်) တွင် ဘယ်ဘက်လက်မောင်း ကျည်ဖောက်ဝင်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်သူ ဆိုင်ကယ်သမားအား အနီးဝန်းကျင်တွင် ရှိနေသူများက ၀ိုင်းဝန်းလုံးထွေး ဖမ်းဆီးရာ သေနတ်သမား စောသန်းနိုင် (၅၂ နှှစ်)၊ (ဘ) ဦးကျော်နိုင်၊ ကျော်ကိခွီးကျေးရွာ ဖာပွန်မြို့နယ်နေသူအား ချက်နိုင်ငံလုပ် သေနတ်အမှတ် A682967 LARGER အနက်ရောင် ပစ္စတိုတစ်လက်၊ ကျည်ခုနစ်တောင့်၊ ကျည်ခွံတစ်ခု၊ ချိုင်းလွယ်အိတ် တစ်ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ နှစ်ဥိီးအား ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံကြီးသို ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့သော်လည်း ဒုတပ်ကြပ် မျိုးဇော်အောင်မှာ ရရှိသော သေနတ်ဒဏ်ရာဖြင့် မွန်းလွဲ ၁၂ နာရီခွဲတွင်  သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လက်မောင်းဒဏ်ရာရရှိသူ ဦးသက်လွင်အား ဘားအံပြည်သူ့ဆေးရုံကြီးရှိ အရိုးဆောင်၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ သန်းစိုးနိုင် (၅၂ နှစ် )၊ ဖာပွန်မြို့နယ် နေသူအား အိန္ဒုနယ်မြေ ရဲစခန်းမှ ရဲအုပ်မင်းအောင်ထွန်းက တရားလိုပြုလုပ် တိုင်ကြားသဖြင့် (ပ) ၁၃၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သိရသည်။

 


READ NEXT
Cancel OK