Top News

ယုဇနအိမ်ရာမှ တိုက်ခန်းအလုံး ၁၀၀ ကို စစ်ဆေးရာ ၂၈ ရာခိုင်နှုန်းသည် ကြံ့ခိုင်မှု အလွန်ဆိုးရွားနေဟုဆို
24htopnews | December 5, 2024 5:12 AM CST

ယုဇနအိမ်ရာမှ တိုက်ခန်းအလုံး ၁၀၀ ကို စစ်ဆေးရာ၂၈ ရာခိုင်နှုန်းသည် ကြံ့ခိုင်မှု အလွန်ဆိုးရွားနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြူဖြူခိုင်က ပြောကြားသည်။

“မြန်မာနိုင်ငံ အင်ဂျင်နီယာအဖွဲ့က ကျွန်မတို့ဆီမှာ အလုံးပေါင်း ၆၀၀ ရှိတဲ့အနက် က အလုံး ၁၀၀ ကို စစ်ဆေးခဲ့တာ။ စစ်တဲ့အ ခါမှာ ၂၈ ရာခိုင်နှုန်းက အရမ်းဆိုးရွားတယ်။ ၃၀ ရာခိုင်နှုန်းက ဆိုးရွားတာပေါ့။ ကျန်တဲ့ ရာခိုင်နှုန်းက ပြင်ဆင်ရင်တော့ ဖြစ်နိုင်တယ်” ဟု ဒေါက်တာဖြူဖြူခိုင်က ပြောကြားသည်။

လွန်ခဲ့သည့် ၁၈နှစ်ခန့်က တည်ဆောက်ထားသည့် ယုဇနဥယျာဉ်မြို့တော် A block, B block, C block ရှိ တိုက်ခန်းများတွင် လူများနေထိုင်လျက်ရှိကြောင်း၊  ယုဇနအိမ်ရာရှိ ပျက်စီးနေသည့် တိုက်များကို ပြန်လည်ပြင် ဆင်ရန် အစိုးရအဖွဲ့တွင် စီမံကိန်းများရှိသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေါက်တာ ဖြူဖြူခိုင်က ပြောကြားသည်။

“ယုဇနဥယျာဉ်မြို့တော်မှာ လွန်ခဲ့တဲ့ ၁၈ နှစ်က တည်ဆောက်ခဲ့တဲ့ A block, B block, C block ကို အင်ဂျင်နီယာဌာနက စစ်ဆေးခဲ့တယ်။ ပြီးတော့ ဥယျာဉ်မြို့တော်ထဲမှာ ပါတဲ့ ၁၉၉၃ လောက်မှာစပြီး ၁၉၉၈ မှာ စပြီး လူနေလို့ရတဲ့အိမ်ရာတွေကို စစ်ဆေးခဲ့တာ ဖြစ်တယ်”  ဟု ဒေါက်တာဖြူဖြူခိုင်ကဆိုသည်။

စစ်ဆေးချက်များအရ အလွန်ဆိုးရွားသည့် အခြေအနေသည် သဘာဝဘေးတစ်ခု ခုနှင့် ကြုံတွေ့ပါက စိတ်မချရကြောင်း၊ အဆောက်အအုံတွင် အဓိကဖြစ်သည့် တိုင်များကွဲပါက ယင်းနှင့် တွဲနေသည့် ကြမ်းခင်းများ ပြိုကျနိုင်ကြောင်း သိရသည်။

ယုဇနအိမ်ရာအား တည်ဆောက်သည့် အချိန်တွင် အစိုးရနှင့် ကုမ္ပဏီကြား သဘောတူ စာချုပ် မချုပ်ခဲ့သဖြင့် ယခုကဲ့သို့ ဖြစ်ပေါ်လာသည့်အချိန်တွင် ကုမ္ပဏီမှ တာဝန်မရှိသည့် ပုံစံဖြင့်သာနေနေကြောင်း ဒေါက်တာ ဖြူဖြူခိုင်က ပြောကြားသည်။


READ NEXT
Cancel OK