Top News

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၌ ဗုံးသီးဟောင်း ပေါက်ကွဲ၍ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
24htopnews | December 5, 2024 5:12 AM CST

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင် ဗုံးသီးဟောင်းပေါက်ကွဲ၍ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ တစ်ဆင့် သိရသည်။

ဖြစ်စဉ်မှာ ၂၆ ရက် နေ့လယ် ၁ နာရီခွဲ အချိန်တွင် ကျေးသီးမြို့နယ်၊ ငူးလိမ်ကျေးရွာ၏ အနောက်မြောက်ဘက် ၄ မိုင်ခန့် အကွာရှိ ပြောင်းခင်း၌ စိုင်းလိုင်နွမ်(၁၀နှစ်) အပါအဝင် ၅ ဦး (ကျား ၂၊ မ ၃) တို့သည် ဗုံးသီး(ဟောင်း) ၁ လုံးအား တွေ့ရှိခဲ့ကြသည်။

အဆိုပါ ဗုံးသီးကို ကောက်ယူ ဆော့ကစားရာမှ ပေါက်ကွဲခဲ့သဖြင့် မနန်းဆိုင်စင့်(၁၂)နှစ်တွင် ဝဲဂျိုင်းအောက်မှ ဝဲရင်အုံ ဖောက်ထွက် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း၊ စိုင်းလိုင်နွမ် ပါ ၄ ဦးတွင် ဝမ်းဗိုက်၊ ယာမျက်လုံး၊ လက်မောင်း၊ ပေါင်၊ ခြေထောက် ပေါက်ပြဲ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူ စိုင်းလိုင်နွမ်ပါ ၄ ဦးအား ညနေ ၆ နာရီခွဲ အချိန်တွင် ကျေးသီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး သေဆုံးသူ မနန်းဆိုင်းစင့်အား ၎င်း၏ မိဘများမှ ကျေးရွာဓလေ့ ထုံးစံအရ ငူးလိမ်ကျေးရွာ သုသာန်တွင် မြေမြှုပ် သြင်္ဂိုဟ်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK