မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာအနေဖြင့် ခြေချင်းဝတ်ဒဏ်ရာကြောင့် အာဆင်နယ်အသင်းနှင့်ကစားမည့်ပွဲတွင် ပါဝင်နိုင်ရန် မသေချာသေးသလို တောင်ပံကစား သမား မာစီယဲလ်မှာလည်း ကစားနိုင်မည် မဟုတ်ကြောင်း နည်းပြ ဆိုးလ်ရှားက အတည် ပြုပြောကြားသည်။
ပေါ့ဘာသည် စက်တင်ဘာ ၂၅ ရက်က ရော့ချ်ဒေးလ်အသင်းနှင့် လိဂ်ဖလားပွဲတွင် မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့သော်လည်း ခြေချင်းဝတ်နာကျင်နေသဖြင့် ပယ်နယ်တီ မကန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းသည် ယင်းနေ့ ညပိုင်းတွင် မန်ယူအသင်းဖော်များ နှင့်အတူ ညစာစားရန် ပျက်ကွက်ခဲ့ခြင်းဖြစ် ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။
မန်ယူအသင်းသည် တနင်္လာနေ့တွင် အာဆင် နယ်အသင်းနှင့် အိမ်ကွင်းပွဲစဉ် ကစားရမည် ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဒဏ်ရာရကစားသမားများ၏အခြေအနေနှင့်ပတ်သက်၍ ဆိုးလ်ရှားက ''အဲဒီပွဲမှာ မိနစ် ၉၀ စလုံး သူကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါ ပေမဲ့ ခြေချင်းဝတ်ထိခိုက်မိလို့ တော်တော် ရောင်နေပါတယ်။ ဒါကြောင့် ဘယ်လောက်အထိပြန်ကောင်းနိုင်မလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။ တနင်္လာနေ့ပွဲမှာ သူပါနိုင်မလားဆိုတော့ သံသယဖြစ်စရာအခြေအနေပဲရှိပါသေးတယ်။ နောက်ထပ်တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လည်း ပြန်မကစားနိုင်
လောက်ပါဘူး။ ဖီးလ်(ဂျုံးစ်)က နိုင်ငံတကာ ရက်သတ္တပတ်အပြီးအထိ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ အန်သိုနီ (မာစီယဲလ်) လည်း နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ကစား နိုင်မယ်လို့ မထင်ပါဘူး။ အဲဒီအချိန်မတိုင်ခင် ကစားနိုင်မယ်လို့ ကျွန်တော်တော့မထင်ပါဘူး။ လုခ် (ရှော) ရဲ့အခြေအနေကတော့ တိုး တက်လာပါပြီ။ နိုင်ငံတကာပွဲတွေမတိုင်ခင် သူ့ကိုပြန်တွေ့ရဖို့ မျှော်မှန်းထားပါတယ်''ဟု ပြောကြားသည်။
မန်ယူအသင်းတွင် ဒဏ်ရာရကစားသမား ကိုးဦးအထိရှိနေပြီး ဘာယီ (ဒူးဒဏ်ရာ)၊ မာစီယဲလ် (ပေါင်ဒဏ်ရာ)၊ ရပ်ရှ်ဖို့ဒ် (ပေါင်ခြံ ဒဏ်ရာ)၊ လုခ်ရှော (ပေါင်ဒဏ်ရာ)၊ ပေါ့ဘာ (ခြေချင်းဝတ်ဒဏ်ရာ)၊ ဖိုဆူမန်ဆာ (ဒူးဒဏ် ရာ)၊ ဖီးလ်ဂျုံးစ်၊ ဒါလော့၊ အိန်ဂျယ်ဂိုးမက်စ် (<ကက်သားဒဏ်ရာ) တို့ ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရကြောင်း သိရသည်။
သို့ဖြစ်ရာ တိုက်စစ်ပိုင်းတွင် ရပ်ရှ်ဖို့ဒ်နှင့် မာစီယဲလ်တို့ နှစ်ဦးစလုံးမကစားနိုင်သဖြင့် ၁၇ နှစ်အရွယ် လူငယ်ကစားသမား ဂရင်းဝုဒ်ကိုသာ ဆက်လက်အသုံးပြုရဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
