■ ရှက်ဖီးယူနိုက်တက် ၀-၁ လီဗာပူးလ်
ပရီးမီယားလိဂ်ပွဲစဉ် (၇) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက (၁-၀)ဂိုးနဲ့အနိုင်ရပြီး ရာသီအစ (၇)ပွဲဆက်အနိုင်ရလဒ်နဲ့အတူ အမှားအယွင်းမရှိ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
ဒီပွဲအပြီးမှာ ချန်ပီယံလိဂ်ကစားဖို့ရှိနေပေမယ့် လီဗာပူးလ်အသင်းဟာ ဆာလာ၊ မာနေ၊ မေမီနို၊ ဖာဘင်ဟို၊ ဟန်ဒါဆန်တို့နဲ့ လူစုံခဲ့ပြီး နိုင်ပွဲအတွက် ဂရုတစိုက်ပြင်ဆင်ခဲ့တာပါ။
တန်းတက် ရှက်ဖီးယူနိုက်တက်အသင်းကလည်း အိမ်ကွင်းမှာ အမှတ်ရဖို့အတွက် လီဗာပူးလ်အသင်းကို အကောင်းဆုံးတုံ့ပြန်ဖို့ပြင်ဆင်ခဲ့ပြီး ကျေနပ်စရာခြေစွမ်းကိုပြသနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။
လီဗာပူးလ်အသင်းဟာ ပွဲစကတည်းက ကစားကွက်အသာစီးယူဖို့ကြိုးစားခဲ့ပေမယ့် ရှက်ဖီးယူနိုက်တက်ရဲ့တုံ့ပြန်မှုတွေက လီဗာပူးလ်အသင်းကို အခက်တွေ့စေခဲ့ပါတယ်။
အထူးသဖြင့် လျင်မြန်တဲ့တောင်ပံအားနဲ့အတူ ရှက်ဖီးယူနိုက်တက်ရဲ့တန်ပြန်တိုက်စစ်တွေက လီဗာပူးလ်အသင်း တိုက်စစ်ကို ခပ်ရဲရဲမကစားနိုင်အောင် အဟန့်အတားဖြစ်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံးအခွင့်အရေးတွေရခဲ့ပေမယ့် လီဗာပူးလ်အသင်းက မာနေရဲ့ကန်ချက် တိုင်ထိခဲ့သလို၊ ရှက်ဖီးယူနိုက်တက်အသင်းကလည်း တန်ပြန်တိုက်စစ်ကနေရခဲ့တဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိလို့ နစ်နာခဲ့ပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ လီဗာပူးလ်အသင်း ဂိုးရဖို့ တိုက်စစ်ကိုပိုဖိဖိစီးစီးကစားခဲ့သလို အခွင့်အရေးတွေလည်း ပိုရခဲ့ပါတယ်။
အထူးသဖြင့် ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ အတင်းဝင်အတင်းဖျက်ကစားခဲ့တာကြောင့် လီဗာပူးလ်အသင်း ရုန်းကန်ခဲ့ရပြီး ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။
ပွဲအချိန်မိနစ် (၇၀)မှာတော့ လီဗာပူးလ်အသင်းမထင်မှတ်ဘဲ ဦးဆောင်ဂိုးရသွားခဲ့ပြီး ထောင့်ကန်ဘောကနေ ကျွံထွက်လာတဲ့ ဘောလုံးကို ၀ိုင်နယ်လ်ဒမ်းက ဧရိယာအပြင်ကနေ ကန်သွင်းရာမှာ ရှက်ဖီးယူနိုက်တက်ဂိုးသမား ဟန်ဒါဆင်ရဲ့ ပေါင်ကြားကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆင်အနေနဲ့ ဝိုင်နယ်လ်ဒမ်းရဲ့ ကန်ချက်ကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မိုးရေကြောင့် ချော်ထွက်သွားပြီး ပေါင်ကြားထဲက ဝင်သွားခဲ့တာပါ။
ဂိုးရပြီးချိန်မှာတော့ လီဗာပူးလ်အသင်းက ထိန်းထိန်းသိမ်းသိမ်းကစားခဲ့ပြီး ဆာလာ၊ မာနေတို့ အခွင့်အရေးတွေထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နောက်ထပ်ဂိုးတွေတော့ မမြင်ခဲ့ရပါဘူး။
ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့လည်း အိမ်ကွင်းမှာ ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်အသင်းရဲ့ခံစစ်နဲ့ ဂိုးသမားအက်ဒရီယန်တို့ အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကြောင့် အရာမထင်ခဲ့ပါဘူး။
ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက (၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး ရာသီအစ (၇)ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်ရှိနေခဲ့သလို၊ အသင်းရဲ့ပရီးမီးယားလိဂ်နိုင်ပွဲဆက်စံချိန်ကလည်း (၁၆)ပွဲအထိ ရှိလာခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
